ရန်ကုန်၊ ဖေဖော်ဝါရီလ( ၂၅ )ရက်။
မြန်မာနိုင်ငံဘေ့စ်ဘောအဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘေ့စ်ဘောအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးဦးတည်ရန် ရည်ရွယ်၍ ယနေ့နေလည် (၂)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံဘေ့စ်ဘောအားကစားအဖွဲ့ချုပ် အားကစားကွင်း၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘေ့စ်ဘောအဖွဲ့ချုပ်ဥက္ကဌ ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံဘေ့စ်ဘောအဖွဲ့ချုပ် အထူး အကြံပေးနည်းပြချုပ် Mr. TORU IWASAKI နှင့် ဂျပန်နိုင်ငံ MIYAZAKI UNIVERSITY မှ ဘေ့စ်ဘောကလပ်များ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များတက်ရောက် ကြသည်။
အဆိုပါပြိုင်ပွဲ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ဂျပန်နိုင်ငံ MIYAZAKI UNIVERSITY မှဘေ့စ်ဘော ကလပ်ကစားသမား(၃)ဦးနှင့် မြန်မာနိုင်ငံဘေ့စ်ဘောအားကစားအသင်းတို့ သရုပ်ပြသကစား ပွဲကို ဘောလုံးအားပစ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်းသတင်းရရှိသည်။