spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများသို့သွားရောက်ပြီး အားကစားကွင်း/ရုံများ ကြည့်ရှုစစ်ဆေး

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးများသို့သွားရောက်ပြီး အားကစားကွင်း/ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၀-၈-၂၀၂၀ ရက်နေ့

(၇-၈-၂၀၂၀)ရက်နေ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း၊ (၄)ထပ်အိပ်ဆောင်နှင့် စားရိပ်သာတို့အား လိုက်လံကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၁၀ခန်းတွဲ၃ထပ်ဝန်ထမ်းအိမ်ယာ၊ ဒဂုံတောင်မြို့နယ်နိုင်ငံတကာအဆင့်မီဖူဆယ်အားကစားရုံတည်ဆောက်ခြင်းလုပ်ငန်း၊ဒဂုံမြောက်မြို့နယ် ၁၀ခန်းတွဲ ၃ထပ်ဝန်ထမ်းအိမ်ယာ၊ တောင်ဥက္ကလာပမြို့နယ်syntheticမီတာ၄၀၀ပြေးလမ်းနှင့်အရှေ့ပိုင်းခရိုင်ADရုံး၊ အိမ် တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် အားကစားရုံတည်ဆောက်ရေးလုပ်ငန်း၊ ကိုးသိန်းအားကစားကွင်း အမျိုးသားအဆောင် ၁ /၂ အမျိုးသမီးအဆောင် ကွပ်ပျစ်များပြုပြင်ရန် အဝင်လမ်း ကွန်ဂရစ်လမ်းခင်းနိုင်ရေးလုပ်ငန်း၊ မြောင်းမမြို့နယ် ဘောလုံးကွင်းVIPမှန်ဆောင်၊ ဂျူဒိုရုံ၊ ရေကူးကန်များကို ကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

  

(၈-၈-၂၀၂၀)ရက်နေ့တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်သည် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင်လိုက်ပါလျက် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား နယ်မြေကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးစိုးညွန့်လိုက်ပါလျက် ရေကြည်မြို့နယ်အတွင်းရှိ ငါးသိုင်းချောင်းမြို့ အားကစားကွင်းအတွင်းသို့သွားရောက်ကြည်ရှုစစ်ဆေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ အားကစားရုံ၊ အားကစားကွင်းများအားကြည့်ရှု့စစ်ဆေးခြင်း၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်များရှိအားကစားကွင်း/ရုံးများအားကြည့်ရှု့စစ်ဆေးခြင်းနှင့် လိုအပ်သည်များကိုမှာကြားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%81%8A