spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြားပစ်အားကစားနည်း လေ့ကျင့်နိုင်ရေး၊ အောင်နိုင်ရေးနှင့် နည်းပြ လက်စွဲ ဘာသာပြန်စာအုပ် ထုတ်ဝေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ မြားပစ်အားကစားနည်း လေ့ကျင့်နိုင်ရေး၊ အောင်နိုင်ရေးနှင့် နည်းပြ လက်စွဲ ဘာသာပြန်စာအုပ် ထုတ်ဝေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ရန်ကုန်၊ သြဂုတ်လ (၂၅)ရက်။         

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ (၃၁)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် (Covid-19) စည်းမျဉ်းစည်းကမ်းနှင့်အညီ  စနစ်တကျ စခန်းသွင်း လေ့ကျင့်နိုင်ရေးနှင့်  Intermediate  Level နည်းပြလက်စွဲ၊ ဘာသာပြန်စာအုပ် ထုတ်ဝေနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ နည်းစနစ်ကော်မတီ၏ ဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်  မြားပစ်အားကစားနည်း စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုဖြစ်ပေါ်နေသည့် (Covid-19)ရောဂါသည် ယခင်ထက် ပိုမိုဆိုးဝါးမှု ရှိနေပြီး လေထုထဲတွင် ပျံ့နှံ့ပြန့်ပွားသည့်ရောဂါဖြစ်သည့်အတွက်ကြောင့် စိုးရိမ်ရပါကြောင်း၊ ထိုသို့ဖြစ်နေသည့်အတွက်ကြောင့် စခန်းသွင်း လေ့ကျင့်မှုဟာ မဖြစ်နိုင်သေးပါကြောင်း၊ ဖြစ်နိုင်ချေရှိမည့်အချိန်တွင်  အဖွဲ့ချုပ် အနေဖြင့် ကြိုတင်ပြင်ဆင် ထားရှိနိုင်ရန် (Covid-19) စည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျ စခန်းသွင်းလေ့ကျင့်နိုင်ရေး စီမံချက်များရေးဆွဲပြီး (Covid-19) ကော်မတီသို့ တင်ပြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ခွင့်ပြုချက်ရရှိမှသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ Intermediate  Level နည်းပြလက်စွဲ၊ ဘာသာပြန်စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ကိုရီးယားနည်းပြဆရာနှင့် အဖွဲ့ချုပ် အမှုဆောင်၊ နည်းပြအဖွဲ့များနှင့်  နည်းစနစ်ကော်မတီများဖြင့် ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် လိုအပ်သည်များကို အကြံဉာဏ်ပြု ပေးနိုင်ပါကြောင်း၊ မြားပစ် စခန်းသွင်း လေ့ကျင့်နိုင်ရေးအတွက် ယခုကိုရီးယားနည်းပြဆရာနှင့် ပေါင်းစပ်ပြီး Video Conference ဖြင့် လေ့ကျင့်မှုသည်လည်း ထိုက်သင့်သည့် လေ့ကျင့်မှုများ ရှိပါကြောင်း၊ ထို့အပြင် သွေးသစ်အားကစားသမားရွေးချယ်ရာတွင် အတန်းပညာရှိသည့် အားကစားသမားများကို ရွေးချယ်သင့်ပါကြောင်း၊ ထို့အပြင် ယခုမြန်မာမြားပစ် အားကစားသမားတွေကို လေ့ကျင့်ပေးနေသည့် ကိုရီးယားနည်းပြဆရာသည် နိုင်ငံတကာအဆင့်မီပြီး အတွေ့အကြုံ ရှိသည့် နည်းပြဆရာ ဖြစ်တာကြောင့် ယခုနည်းပြလက်ထက်တွင် ဆုတံဆိပ်ရရှိမှု စဉ်ဆက်မပြတ် ရှိနေပါကြောင်း၊ အဖွဲ့ချုပ်နည်းပြများသည်လည်း သူ၏နည်းစနစ် Technical သင်ကြားမှုတွေကို လေ့လာ မှတ်သားပြီး ပြန်လည် အသုံးချနိုင်အောင် ကြိုးစားသင်ယူဖို့လိုအပ်ပါကြောင်း ပြောကြားသွားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတောက်ထွန်း မှ (Covid-19) စခန်းသွင်းလေ့ကျင့်မည်ဆိုပါက  Quaratine   ထားရှိပြီး ပြင်ပဆက်သွယ်ရေးနှင့် လုံးဝမရှိစေဘဲ သီးခြားထားဖို့လိုအပ်ပါကြောင်း၊  ဒုတိယဥက္ကဌ ဒေါက်တာမြတ်သူရစိုးမှ Technical ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အကြံပြု၍လည်းကောင်း၊ နည်းပြဆရာများက သွေးသစ်အားကစားသမား ရွေးချယ်ရေးနှင့် စခန်းသွင်းနိုင်ရေးအတွက် (Covid-19) စည်းမျဉ်း၊စည်းကမ်းများကြိုတင်ပြင်ဆင် သည့်အနေဖြင့် စီမံချက်ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ နည်းစနစ်ကော်မတီ၏ ဥက္ကဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဦးမှ ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%BE-%E1%80%99%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8-%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%81%8A-%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA