spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှုအားကစားဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်နှင့် နည်းပြ မှတ်ပုံတင် လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနား

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှုအားကစားဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်နှင့် နည်းပြ မှတ်ပုံတင် လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနား

ရန်ကုန် ၂၈ သြဂုတ်

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှုအားကစားဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်နှင့် နည်းပြ မှတ်ပုံတင် လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မအူကုန်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီက အမှာစကား ပြောကြားပြီး ဂုဏ်ထူးဆောင်နည်းပြလက်မှတ်နှင့် နည်းပြမှတ်ပုံတင်လက်မှတ်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်နည်းပြလက်မှတ်ရရှိသူ ဆရာကြီး မောင်ဗမာစိန်မောင် ဦးရဲမြင့်၊ ဦးကျော်စိန်သန်း၊ ဒေါ်ရီရီဝင်း၊ ရဲမှူးချုပ် မောင်မောင်သန်း(ငြိမ်း)တို့ကို လည်းကောင်း၊ အဖွဲ့ချုပ်မှ အမှုဆောင်ဒိုင်လူကြီး ၁၈ ဦးတို့ကို နည်းပြ မှတ်ပုံတင်လက်မှတ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်အနေဖြင့် လေ့ကျင့်ရေးနှင့် ကိုယ်ဟန်ပြသခြင်း နည်းစနစ်များကို ကောင်းစွာ ကျွမ်းကျင်တတ်မြောက်ပြီးဖြစ်သည်ဟု အသိအမှတ်ပြု၍ နည်းပြအရည်အချင်း သတ်မှတ်ချက်များနှင့် မှတ်ပုံတင်ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်ထုတ်ပေးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%81%8F-%E1%80%82%E1%80%AF%E1%80%8F%E1%80%BA%E1%80%91%E1%80%B0%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC-%E1%80%9C%E1%80%80%E1%80%BA%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7