spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဖားဆောင်းမြို့တွင် လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ်ဖြင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ဖားဆောင်းမြို့တွင် လှုပ်လှုပ်ရှားရှား အားကစားအစီအစဉ်ဖြင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်

ဖားဆောင်း   သြဂုတ် ၂၉
 
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်တွင်းရှိ  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူ လူထုများအား လှုပ်လှုပ်ရှားရှားအားကစား အစီအစဉ် EM(Exercise is Medicine)ကို စိတ် ဝင်စားလာစေရန် နှင့် ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်ဆောင်ရွက်ကြခြင်းဖြင့် ရောဂါ ဘယများ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လှုပ်လှုပ်ရှားရှား အားကစား အစီအစဥ်ဖြင့် အားကစား ပစ္စည်းများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်တွင်း အားကစား လှုပ်ရှားနေကြ သော ဌာနဆိုင်ရာများနှင့် ပြည်သူလူထု အဖွဲ့အစည်း များထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
 
ထိုသို့ဆောင်ရွက်ရာတွင် ဖားဆောင်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊မြို့နယ် အားကစားမှူး  ဦးကျော်ဇင်ထက်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း နေရာများသို့ ပိုက်ကျော်ခြင်း(ခြင်းလုံးနှင့်ပိုက်)၊ဘောလီဘော (ဘောလုံးနှင့်ပိုက်) အစရှိသည် တို့ကို လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
 
နန်းသဲနုအောင်(ဖားဆောင်း)
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%96%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%85%E1%80%AE%E1%80%A1%E1%80%85%E1%80%89%E1%80%BA%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%B6%E1%80%B7%E1%80%95%E1%80%B1%E1%80%B8%E1%80%A1%E1%80%95%E1%80%BA