spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ကြေး(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

(၂၉) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ကြေး(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

ကွာလာလမ်ပူ၊ သြဂုတ်လ (၂၈)ရက်။
 
မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ နေသည့် ၂ဝ၁၇ခုနှစ် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို ကွာလာလမ်ပုူမြို့ရှိ အားကစားကွင်း၊ အားကစားရုံ အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ MITEC Hall (3)  ၌ ကျင်းပပြုလုပ်သော အလေးမအားကစားနည်းမှ (၅၆)ကီလိုတန်းပြိုင်ပွဲတွင် အမျိုုးသားပွဲစဉ်အဖြစ် မြန်မာမှ ပြည့်ဖြိုး ဝင်ရောက်ယှဉ်ပြိုင်ရာ အမြန်မ(၁ဝ၅)ကီလို နှစ်ဆင့်မ (၁၂၅)ကီလို စုစုပေါင်း (၂၃ဝ)ကီလို မနိုင်သဖြင့် အဆင့်(၆)သာ ရရှိခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသားပွဲစဉ် (၆၂)ကီလိုတန်းပြိုင်ပွဲတွင် မြန်မာမှ မြင့်ကြည် ဝင်ရောက် ယှဉ်ပြိုင်ရာ အမြန်မ (၁၂၉)ကီလို နှစ်ဆင့်မ (၁၅၅)ကီလို စုစုပေါင်း (၂၈၄)ကီလို မနိုင်သဖြင့် တတိယကြေးတံဆိပ်ဆု ကို ရရှိခဲ့ပါသည်။
 
ဆက်လက်၍ KICC Convention Center  Hall (1)  ၌ ကျင်းပပြုလုပ်သော တိုက်ကွမ်ဒိုအားကစားနည်းမှ (၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာမှ ဇော်လင်းထက်နှင့်် ဗီယက်နမ်အားကစားသမားတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာမှ (၅)မှတ်၊ (၁၈)မှတ်ဖြင် ရှုံးနိမ့်ကာ ပူးတွဲတတိယကြေးတံဆိပ်ဆုသာ ရရှိခဲ့ပါသည်။ 
 
အဆိုပါပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လိုက်လံကြည့်ရှု အားပေး ခဲ့ပါသည်။
 
 
ဆက်လက်၍ မနက်ဖြန် သြဂုတ်(၂၉)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်းများမှာ တိုက်ကွမ်ဒို၊  အလေးမ၊ အမျိုးသားဟော်ကီ ဗိုလ်လုပွဲစဉ် အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်မလေးရှာအသင်း တို့သည် မြန်မာစံတော်ချိန် ညနေ(၅)နာရီတွင် လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း တို့သည် မြန်မာစံတော်ချိန် နေ့လည်(၂)နာရီခွဲတွင် လည်းကောင်းအသီးသီး ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်းသိရှိရပါသည်။
 
ယနေ့အထိ မြန်မာအားကစားအဖွဲ့ရရှိထားသော ဆုတံဆိပ်များမှာ ရွှေ(၇)ခု၊ ငွေ(၉)ခု၊ ကြေး(၁၉)ခု စုစုပေါင်း (၃၅)ခု ရရှိထားကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%89-%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BE-%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%81%81%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA