spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီး / ပြည်နယ် အား/ကာ ဦးစီးဌာနများရှိ အားကစားကွင်းနှင့်အားကစားရုံများတွင် Covid 19 ကာလအတွင်း ရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်း(Quarantine)ထားရှိမှုအခြေအနေ

တိုင်းဒေသကြီး / ပြည်နယ် အား/ကာ ဦးစီးဌာနများရှိ အားကစားကွင်းနှင့်အားကစားရုံများတွင် Covid 19 ကာလအတွင်း ရောဂါ စောင့်ကြပ်ကြည့်ရှု့ခြင်း(Quarantine)ထားရှိမှုအခြေအနေ

ရက်စွဲ။ ၂၉.၉.၂၀၂၀(အင်္ဂါနေ့)

မြန်မာနိုင်ငံတွင် (Covid-19) ရောဂါ မပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များ အား နိုင်ငံတော်မှ အမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင် ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ရှိ အားကစားကွင်း/အားကစားရုံ အဆောက်အဦးများအားအသုံးပြုပြီး ကူညီဆောင်ရွက်နေမှု့ မှတ်တမ်းများမှ တိုင်းဒေသကြီး / ပြည်နယ် အား/ကာဦးစီးဌာနများရှိ အားကစားကွင်း နှင့်အားကစားရုံများတွင် (Covid-19) ကာလအတွင်း ရောဂါစောင့်ကြပ် ကြည့်ရှု့ခြင်း (Quarantine) ထားရှိမှုအခြေအနေများကို အောက်ပါအတိုင်း ဖော်ပြ အပ်ပါသည်-
ရခိုင်ပြည်နယ်အတွင်းရှိ ရမ်းဗြဲ၊ ဂွ၊ ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံတို့ရှိမြို့နယ်များတွင်(Quantine)ဝင်ရောက်သူစုစုပေါင်းအင်အားမှာရောက်ရှိအင်အား-၁၂၄ဦး၊ ပြန်လည်ထွက်ရှိအင်အား-၉၈ဦး၊ ကျန်ရှိအင်အား- ၂၆ဦးရှိကြောင်း၊ ချင်းပြည်နယ်၊ မတူပီ၊ ထန်တလန်တို့ရှိမြို့များတွင် (Quantine) ဝင်ရောက်သူ စုစုပေါင်း အင်အားမှာ ရောက်ရှိအင်အား-၆၆ဦး၊ ပြန်လည်ထွက်ရှိအင်အား-၄၀ဦး၊ ကျန်ရှိအင်အား- ၂၆ဦး ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံတွင်
Covid 19 ရောဂါပိုး ရှိ/မရှိ ကျန်မာရေးစစ်ဆေးမှု Swab အခြေအနေကို (၂၆.၉.၂၀၂၀)ရက်နေ့မှ (၂၈.၉.၂၀၂၀)ရက်နေ့အထိ Swab လာရောက်စစ်ဆေးသူ (၁၇၀)ရှိကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%AC-%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-covid-19-0