spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပဲခူးတိုင်း/ခရိုင်/မြို့နယ် အား/ကာကော်မတီများနှင့် အားကစားကလပ်များအတွက် သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ အားကစားအထောက်အကူပြုပစ္စည်းများ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်း/ခရိုင်/မြို့နယ် အား/ကာကော်မတီများနှင့် အားကစားကလပ်များအတွက် သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ အားကစားအထောက်အကူပြုပစ္စည်းများ လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံး အားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပ

 
(၁၂.၁၁..၂၀၂၀)ရက်နေ့တွင် ပဲခူးမြို့တိုင်းအားကစားခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံဖြင့်ဝယ်ယူထားသည့် တိုင်း/ခရိုင်/မြို့နယ်အား/ကာကော်မတီများနှင့်အားကစားကလပ်များအတွက်သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ.အားကစားအထောက်အကူပြုပစ္စည်းများလေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးအားကစားပစ္စည်းများပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများ တိုင်းအားကစားနှင့်ကာယပညာကော်မတီဝင်များ တိုင်း/ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံများတက်ရောက်ခဲ့ပါသည်။
 
 
ပထမဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပစ္စည်းဝယ်ယူရေးနှင့်ပတ်သက်၍ တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာကော်မတီများအတွက်အားကစားပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးမှလည်းကောင်း. အားကစားကလပ်များနှင့်သင်တန်းနှင့်သရုပ်ပြပွဲသုံးပစ္စည်းများ. အားကစားအထောက်အကူပြုပစ္စည်းများ. လေ့ကျင့်ရေးနှင့်ပြိုင်ပွဲသုံးအားကစားပစ္စည်းများကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှလည်းကောင်း ပေးအပ်ခဲ့ပြီးတိုင်းအားကစားနှင့်ကာယပညာကော်မတီဝင်တစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားကာတက်ရောက်လာသူများမှားကစားပစ္စည်းများအားလိုက်လံကြည့်ရှုစစ်ဆေးပြီးအခမ်းအနားကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%AC%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%9C%E1%80%95%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA