spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အွန်လိုင်း 2020 World Taekwondo Poomase ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

အွန်လိုင်း 2020 World Taekwondo Poomase ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၁၈ နိုဝင်ဘာ

အွန်လိုင်း 2020 World Taekwondo Poomase ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ သိရသည်။ ပြိုင်ပွဲတွင် မြန်မာအသင်းကိုယ်စားပြု၍ နည်းပြ(၂)ဦး၊ ကစားသမား(၃)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ခြောက်ပတ်ကြာ ကျင်းပသွားမည်ဖြစ်သည်။

 

WT G2 Senior Level အဆင့်တွင် မြန်မာကိုယ်စားပြုအသင်း၌ နည်းပြအဖြစ် ဒေါ်ချောကလျာဝင်း၊ ကစားသမားအဖြစ် အမျိုးသားတစ်ဦးချင်းတွင် မောင်ဆန်းရှိုင်း(MYA)၊ အမျိုးသမီးတစ်ဦးချင်းတွင် မနေရီဦး(MYA)၊ WT Open Cadet Level အဆင့်တွင် မြန်မာကိုယ်စားပြုအသင်း၌ နည်းပြအဖြစ် ဦးဆန်းရှိန်သက်၊ အမျိုးသားတစ်ဦးချင်းတွင် မောင်ကောင်ဇင်ခန့်(MYA)တို့မှ  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲအမျိုးစားသည် ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အွန်လိုင်းဖြင့် ပထမဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး နိုင်ငံပေါင်း ၈၃ နိုင်ငံမှ ကစားသမားပေါင်း ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် (Preliminary / Semi Final / Final) ဟူ၍ အဆင့်များဖြင့် အမှတ်၊ အဆင့်များဖြတ်၍ ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပထမအကြိမ်ယှဉ်ပြိုင်ရာတွင် ယှဉ်ပြိုင်ရမည့်အမျိုးစားအား နိုဝင်ဘာ ၂၀ ရက်အထိ Video Link များ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး

Credit : Myanmar Digital News


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%BD%E1%80%94%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8-2020-world-taekwondo-poomase-%E1%80%81%E1%80%BB%E1%80%94%E1%80%BA%E1%80%95%E1%80%AE%E1%80%9A%E1%80%B6%E1%80%9B%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA