spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် လာမည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် လာမည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်

ရန်ကုန် ၁၉ နိုဝင်ဘာ

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် လာမည့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း အဆင့်မြင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိဘဲ လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့်ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ကာ အောင်မြင်မှုရရန် ဆောင်ရွက်သွား မည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်လက်ရွေးစင်အသင်းနည်းပြချုပ်နေရာအတွက် နိုင်ငံခြားသားနည်းပြခန့်အပ်ရန် စီစဉ်ထားပြီး နှစ်ဆန်းပိုင်းတွင် ခန့်အပ်နိုင်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် လာမည့်နှစ်တွင် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း၏ အဆင့်မြင့်ဆုံးပြိုင်ပွဲနှစ်ခုလည်းဖြစ်သည်။ ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်းကို ထည့်သွင်းကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်ရယူနိုင်ခြင်းမရှိသေးဘဲ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ် ရရှိထားသည်။

 

ညီမြတ်သော်တာ

Credit: Myanmar Digital News


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%96%E1%80%B0%E1%80%86%E1%80%9A%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%8A%E1%80%BA-%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B7%E1%80%BA-%E1%81%82%E1%81%80%E1%81%82%E1%81%81-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%80%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8