spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အွန်လိုင်းကရာတေး "ခတ" (၁/၂၀၂၀)၊ Karate Kara Online Series (1/2020)၊ CADET Individual Kata ပြိုင်ပွဲများ ဆက်လက်ကျင်းပ

မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အွန်လိုင်းကရာတေး "ခတ" (၁/၂၀၂၀)၊ Karate Kara Online Series (1/2020)၊ CADET Individual Kata ပြိုင်ပွဲများ ဆက်လက်ကျင်းပ

ရန်ကုန် ၂၁ နို၀င်ဘာ

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အွန်လိုင်းကရာတေး "ခတ" (၁/၂၀၂၀)၊ Karate Kara Online Series (1/2020)၊ CADET Individual Kata ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။

အဆိုပါ Cadet Ind. Kata ပြိုင်ပွဲ၌ အမျိုးသမီးခုနစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပထမ ဆုမြတ်သူ(ES4E)၊ ဒုတိယအေးချမ်းမိုး (ရွှေပုဂံ-ကျောက်ဆည်)၊ ပူးတွဲတတိယရရှိကြသော သင်းသင်းယုအောင်၊ အိသန္ဒာကျော်(ကယား)၊ အမျိုးသားပြိုင်ပွဲတွင် ကစားသမား၁ ၇ဦး ပါ၀င်ပြီး ပထမ ဥက္ကာ‌အောင်(သု၀ဏ္ဏ)၊ ဒုတိယ နိုင်လင်းအောင်(ဗထူး)၊ ပူးတွဲတတိယ ကောင်းဆက်(ဆာကူရာ)၊ နိုင်လင်းထွဠ်(ကယား)တို့က အသီးသီးရရှိသွားကြသည်။

"ကျွန်တော်တို့ အွန်လိုင်းကနေ ယှဥ်ပြိုင်တဲ့ ပထမအကြိမ် အတွေ့အကြုံဖြစ်လို့ အချို့လည်း ပြင်ဆင်မှု အတော်လုပ်ဆောင်ကြရပါတယ်။ မတူညီကြတဲ့ နေရာအသီးသီးက အခြေအနေအရ တစ်ဦးချင်း တစ်စုချင်း သီးခြားစီယှဥ်ပြိုင်ကြရလို့ နည်းပြနဲ့ အလှမ်းဝေးနေတာမျိုး၊ နေရာထိုင်ခင်း မပြည့်စုံတာမျိုး၊ အင်တာနက်လိုင်း နှေးနေတာမျိုးနဲ့ ပုံမှန်ဆက်သွယ်ဆောင်ရွက်မှုနှင့် မတူသည့် အနေအထားတွေမှာ အခက်အခဲကြားက ကြိုးစားပြီး အကောင်းဆုံး ယှဥ်ပြိုင်နေကြပါတယ်။ ကိုဗစ်အလွန်ကာလတွေမှာ ပြိုင်ပွဲတွေပြန်လည်ကျင်းပဖို့ တန်းစီနေပါတယ်၊ ဒီနှစ်မှာ ကျင်းပခွင့်မရလိုက်တဲ့ ဂျပန်သံရုံးက အဓိကပံ့ပိုးသည့် Japan Cup ပြိုင်ပွဲနဲ့၊ အားကစားနဲ့ ကာယပညာဦးစီးဌာနက ဦးစီးကျင်းပသည့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ကရာတေးပြိုင်ပွဲလို ပြိုင်ပွဲကြီးများ အစဥ်လိုက် စီထားပြီးဖြစ်ပါတယ်” ဟု အတွင်း‌ရေးမှူး ဦး‌ကျော်ကျော်မိုးက ပြောသည်။

အလားတူ နှစ်စဥ်ကျင်းပနေသည့် အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားနှင့် ဆရာတာနီယားမား ပြိုင်ပွဲတွေလည်း ဆက်လက်ကျင်းပသွားရန် စီစဥ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လာမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲအတွက် ရည်ရွယ်ကျင်းပနေသည့် Kata Online Series ပြိုင်ပွဲတွင် ပေါ်ထွက်လာမည့် မျိုးဆက်သစ်ကစားသမားများကိုပါ ထည့်သွင်းစဥ်းစားပြီး ယခင် နောက်ဆုံးရွေးချယ်ထားသော ၂၀၁၉ ခုနှစ်အတွင်း ပြိုင်ပွဲအသီးသီးမှ ထူးချွန်သူများနှင့်  ပေါင်းစပ်စာရင်း ပြုစုထားပြီးဖြစ်ကြောင်း၊ လတ်တလောအခြေအနေအရ စခန်းဝင်လေ့ကျင့်မှု ရပ်နားထားသဖြင့် မိမိအစီအစဥ်ဖြင့် မိမိတို့လေ့ကျင့်ကစားနေကြပြီး မကြာမီ ပြန်လည်စုစည်း လေ့ကျင့်ပေးနိုင်ရန်လည်း မျှော်လင့်ပြင်ဆင်ထားကြောင်း ၎င်းက‌ဆက်ပြောသည်။။

ပြိုင်ပွဲတွင် ဆု‌ကြေးအဖြစ် အမျိုးသား ပထမ ကျပ် တစ်သိန်း၊ ဒုတိယ ကျပ် ခုနစ်သောင်းငါးထောင်၊ တတိယ ကျပ် ငါးသောင်းစီ၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ ကျပ် ခုနစ်‌သောင်းငါး‌ထောင်၊ ဒုတိယ ကျပ် ငါးသောင်း၊ တတိယ ကျပ် သုံးသောင်းစီ ချီမြှင့်မည်ဖြစ်ပြီး နို၀င်ဘာ ၂၈ ရက်တွင် ဂျူနီယာပြိုင်ပွဲများ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး

Credit: Myanmar Digital News


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%80-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA-%E1%80%A1%E1%80%BD%E1%80%94%E1%80%BA%E1%80%9C%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8-%E1%80%81%E1%80%90-%E1%81%81%E1%81%82%E1%81%80%E1%81%82%E1%81%80%E1%81%8A-karate-kara