spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မကွေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျောင်းသား/ ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျင်းပသည့် Online Challenge ဘောလုံး (အတော့) အမျိုးသား / အမျိုးသမီး ပြိုင်ပွဲကျင်းပသည့်သတင်း

မကွေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျောင်းသား/ ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျင်းပသည့် Online Challenge ဘောလုံး (အတော့) အမျိုးသား / အမျိုးသမီး ပြိုင်ပွဲကျင်းပသည့်သတင်း

တောင်တွင်းကြီး ၂၆  နို၀င်ဘာ 

မကွေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျောင်းသား/ ကျောင်းသူ လူငယ်များ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျင်းပသည့် Online Challenge ဘောလုံး (အတော့) အမျိုးသား / အမျိုးသမီး ပြိုင်ပွဲများတွင် တောင်တွင်းကြီးမြို့နယ် ပြိုင်ပွဲ၀င်များက ဆု ခုနစ်ဆု ရရှိခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြိုင်ပွဲ၀င်များမှ Online Challenge ဘောလုံး (အတော့) အမျိုးသားပြိုင်ပွဲတွင် မောင်ကောင်းထက်ဇော်က ရမှတ် ၃၃၅ မှတ်ဖြင့် ဒုတိယ၊  မောင်ဗညားက ရမှတ် ၂၀၅ မှတ်ဖြင့် သတ္တမ၊ မောင်နိုင်လင်းက ရမှတ် ၁၉၉ မှတ်ဖြင့် အဌမ ဆုများကိုလည်းကောင်း၊  Online Challenge ဘောလုံး (အတော့) အမျိုးသမီးပြိုင်ပွဲတွင် မ၀င်းသူဇာက ရမှတ် ၁၄၄ မှတ်ဖြင့် ပထမ၊ မယွန်း၀တီလှိုင်က ရမှတ်  ၁၃၈ မှတ်ဖြင့် ဒုတိယ၊ မဆွေဆွေအောင်က  ရမှတ် ၉၉ မှတ်ဖြင့် စတုတ္ထ၊ မမိုင်နောင်နောင်ဇင်က ရမှတ် ၄၅ မှတ်ဖြင့် အဌမဆုများကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ပြိုင်ပွဲများအား ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ  Online မှတဆင့် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မကွေးခရိုင်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်မှ ပြိုင်ပွဲ၀င်များက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး တောင်တွင်းကြီးမြို့နယ်မှ အမျိုးသားပြိုင်ပွဲတွင် ၃ ဦးနှင့် အမျိုးသမီးပြိုင်ပွဲတွင်  ၄ ဦး တို့က ဆုများအသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

Credit: Myanmar Digital News


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%80%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%9B%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-%E1%80%80%E1%80%AD%E1%80%AF%E1%80%97%E1%80%85%E1%80%BA-%E1%81%81%E1%81%89-%E1%80%80%E1%80%AC%E1%80%9C%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%80%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%B0-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8