spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign)ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

 

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အားကစားနှင့်ကာယပညာဦးစီးဌာနများမှ မြို့နယ်များတွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့်ပြုမူပြောင်းလဲရေး ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး မှ ခရိုင်အားကစားမှူးများ၊ မြို့နယ် အားကစားမှူးများမှ ဦးဆောင်၍ မြို့နယ်များရှိ ဈေးများ၊ လမ်းများနှင့်လူစည်ကားရာနေရာများ၊ COVID-19 ရောဂါ ကူးစက်နိုင်ခြေမြင့်မားသော နေရာများတွင် ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များဖြန့်ဝေပြီး စနစ်တကျတပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ပြည်သူများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလှုပ်ရှားမှုတွင် တိုင်း/ခရိုင်/မြို့နယ်များမှ အရာထမ်း/အမှုထမ်းများ၊ မြို့နယ် အား/ကာ ဆပ်ကော်မတီဥက္ကဌများ၊ မြို့နယ် လဝက၊ မြို့နယ်ကျန်းမာရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးအစီးအစဉ်ဖြင့် လိုက်ပါ ဆောင်ရွက်ကြသော Fitness Dance အဖွဲ့က COVID-19 ရောဂါကို မိမိကစကာကွယ်ဖို့ သရုပ်ဖော် အကဖြင့် လူထုအသိပညာပေးလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး၊ ပြည်သူလူထုအနေဖြင့် လည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-%E1%80%A6%E1%80%B8%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%96%E1%80%BC%E1%80%84%E1%80%B7%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8C-covid-19