spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နေပြည်တော်တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်

နေပြည်တော်တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်။  

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် အိမ်အပြင်ထွက်သူတိုင်း Mask တပ်ဆင် သွားလာသည့် အလေ့အကျင့်များ ရရှိနိုင်စေရန် ရည်ရွယ်ကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူစည်ကားရာနေရာများနှင့် အသွားအလာများသည့် နေရာများတွင် ယနေ့ နံနက် ၈ နာရီက Mask တပ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သည်။ ထိုသို့ Mask တပ်ဆင်ရေးလှုပ်ရှားမှုများကို အပတ်စဉ် စနေနေ့တိုင်း နေပြည်တော် အတွင်းရှိ လူစည်ကားရာ နေရာများနှင့် အသွားအလာများသည့် ဈေးများ၊ လမ်းဆုံများ၊ ပန်းခြံရှေ့နှင့် ဘောဂသီရိ ကားကြီးဝင်းတို့တွင် Mask တပ်ဆင်လာခြင်း မရှိသူများကို Mask များ ပေးကာ တပ်ဆင်စေပြီး အိမ်အပြင်ထွက်သူတိုင်း Mask များ တပ်ဆင်ပြီးမှ အပြင်သွားရန် အသိပညာပေးပြောကြားကြောင်းနှင့် ယခုလို လှုပ်ရှားမှုများ ပြုလုပ်ရခြင်းမှာ အိမ်အပြင်ထွက်သူတိုင်း Mask တပ်ဆင်သွားလာစေသည့် အလေ့အကျင့်များ ရရှိစေရေးအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြောသည်။ အဆိုပါ Mask တပ်ဆင်ရေး လှုပ်ရှားမှုများကို နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့် ဝန်ထမ်းများက ဦးဆောင်ကာ နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပသည့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ပညာပေးသီချင်းများဖြင့် ဖျော်ဖြေပေးကြောင်း သိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%95%E1%80%AB%E1%80%B8%E1%80%85%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%AC%E1%80%81%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%90%E1%80%95%E1%80%BA%E1%80%86%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9C%E1%80%BE%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%99%E1%80%BE%E1%80%AF%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%80%E1%80%BA