spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Fitness Dance သရုပ်ပြပြုလုပ်ခြင်းနှင့် MASK CAMPAIGN များပြုလုပ်

ချောင်းဦးမြို့နယ်နှင့် မုံရွာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ Fitness Dance သရုပ်ပြပြုလုပ်ခြင်းနှင့် MASK CAMPAIGN များပြုလုပ်

၂၀၂၀ ပြည်နှစ်၊ ဒီဇင်ဘာလ(၁၁)ရက်

မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီးဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်စီခန့်နှင့်ပြန်ဆက်ပူပေါင်း၍ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သရုပ်ပြကပြဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်းများကို (၉.၁၂.၂၀၂၀)ရက်နေ့တွင် မြို့မဈေး၌ Fitness Dance သရုပ်ပြပြုလုပ်ခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများပြုလုပ်ခဲ့သည်။

မုံရွာခရိုင်၊ မုံရွာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ပြည်သူအားကစားကွင်းနှင့်ကုတင်(၇၀၀)ဆေးရုံရှေ့ လမ်းသွားလမ်းလာပြည်သူများအား maskများအခမဲ့ ဖြန့်ဝေ၍ COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများအသိပေးကြေညာခြင်းများကို (၁၀.၁၂.၂၀၂၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%81%E1%80%BB%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%A6%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%99%E1%80%AF%E1%80%B6%E1%80%9B%E1%80%BD%E1%80%AC%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-fitness-dance