spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံတွင် Covid 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအင်တိုက်အားတိုက်ဆောင်ရွက်

မြန်မာနိုင်ငံတွင် Covid 19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအင်တိုက်အားတိုက်ဆောင်ရွက်

 
နေပြည်တော် ဒီဇင်ဘာလ ၁၇ ရက်။ ။
မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ကုသရေး၊ လုပ်ငန်း စဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင် ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်နှင်းနှင်းအေး(အားကစားမှူး)နှင့်ဝန်ထမ်းများ၊ အသုတ်နယ်မြေစခန်းမှ စခန်းမှူးနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ "အသုတ်မြို့ပြည်သူမှ ပြည်သူသို့" အဖွဲ့ဝင်များ၊ အသုတ်မြို့Covid-19 ကော်မတီ တို့ ပူးပေါင်း၍ အမျိုးသားခန်းမရှေ့ လမ်းသွားလမ်းလာပြည်သူများအား MASK များအခမဲ့ ဖြန့်ဝေခြင်းနှင့် အသုပ်မြို့ CBFQတွင် နေရာကန့်သတ်စောင့်ကြည့်မှုခံယူနေရသူများ စိတ်ဓာတ်ခွန်အားဖြစ်စေရန် ရေကြည်မြို့နယ် Fitness Danceအဖွဲ့ဝင်များနှင့် အသုတ်မြို့ Fitness Danceအဖွဲ့ဝင်သမီးလေးများမှ Fitness Dance အကများဖြင့် သရုပ်ပြကပြဖျော်ဖြေခြင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်း များ အသိပေးကြေညာခြင်းများကို (၁၆.၁၂.၂၀၂၀)ရက်နေ့တွင် လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များကို ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ၊မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တို့တွင် (၁၅.၁၂.၂၀၂၀ )ရက်နေ့၌ လည်းကောင်း ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တို့တွင် (၁၄.၁၂.၂၀၂၀ )ရက်နေ့တို့၌လည်းကောင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

 

 

 

 
 
 

 

[1]

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA-covid-19-%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%91%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%A1%E1%80%84%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BD%E1%80%80%E1%80%BA

Links
[1] https://www.facebook.com/mosports.npd.mail2/photos/pcb.819137021983529/819090728654825/?__cft__[0]=AZU3whKr9ydN2HpdGZnR_R3T1vnFGzxHZL4TXJXImpJUQGxDiQ2EBrTQlJHFH2lZfZYm8TljTn_PfiYj85pScFmS9qqCB9Lq_D5pez8Llo7VNZtBGLJXPd1SizBbo_aK5fxAYKHWUU7ouJFQGdHuTcxY&__tn__=*bH-R