spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုနယ်‌မြေနေပြည်တော်အတွင်း၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ငွေလုံးငွေရင်း(တည်ဆောက်ရေး)လုပ်ငန်းများဈေးနှုန်း အဆိုပြု တင်ဒါဖွင့်ဖောက်ခြင်းအခမ်းအနား

ပြည်ထောင်စုနယ်‌မြေနေပြည်တော်အတွင်း၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့်ငွေလုံးငွေရင်း(တည်ဆောက်ရေး)လုပ်ငန်းများဈေးနှုန်း အဆိုပြု တင်ဒါဖွင့်ဖောက်ခြင်းအခမ်းအနား

 

နေပြည်တော်၊ဒီဇင်ဘာလ(၂၈)ရက်။

မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ မြို့နယ်ဘောလုံးကွင်းများအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လုပ်ငန်းများ ဈေးနှုန်းအဆိုပြု တင်ဒါဖွင့်ဖောက် စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နေ့လည်(၂)နာရီအချိန်တွင် ပျဉ်းမနား၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝန် တင်ဒါကော်မတီဥက္ကဌဦးတင်ထွန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦး၊ အားကစားကွင်း/ရုံ ညွှန်ကြားရေးမှူးဦးကျော်ဆန်းဦး၊ နေပြည်တော် အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လွင်ဦး၊ ပြည်ထောင်စုနယ်မြေ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင် တာဝန်ရှိများ၊ လုပ်ငန်းလုပ်ကိုင်လိုသည့်လျှောက်လွှာတင်ကုမ္ပဏီများမှတာဝန်ခံများတက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ နေပြည်တော်ကောင်စီဝင် တင်ဒါကော်မတီဥက္ကဌဉီးတင်ထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာ့အားကစား ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်(၄)မြို့နယ် ဘောလုံးကွင်းများအတွက် ၂၀၂၀-၂၁ ဘဏာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ငွေလုံးငွေရင်း (တည်ဆောက်ရေး)လုပ်ငန်းများ တင်ဒါဖွင့်ဖောက် စစ်ဆေးခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေတွင်ရှိသော လူငယ်/လူရွယ်များ အားကစားကို ပိုမိုပြုလုပ်လိုက်စားနိုင်ရန် ရည်ရွယ်ပါကြောင်း၊ ပြည်သူလူထု ကျန်းမာရေးအဆင့်အတန်း မြင့်မားစေရန် ရည်ရွယ်ချက်များဖြင့် အားကစားကွင်း/ရုံများဆက်စပ်သော (Facilities ၊ Infrastructure)များဆောက်လုပ်ရန် (Lot)လုပ်ငန်း(၄)ခုကို ခွဲ၍ တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ နည်းပညာအဆိုပြုလွှာများကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးတွင် ပါဝင်သော ကော်မတီဝင်များ၊ ဌာနအသီးသီးကို ကိုယ်စားပြုသော အင်ဂျင်နီယာများဖြင့် စီစစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဈေးနှုန်းအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီတစ်ခုကို (Lot)လုပ်ငန်းတစ်ခုသာ အောင်မြင်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော တင်ဒါကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ကုမ္ပဏီများမှ တင်သွင်းသော ဈေးနှုန်းအဆိုပြုလွှာများကို ဖွင့်ဖောက်စစ်ဆေးရာတွင် ဇဗ္ဗူသီရိမြို့နယ်(ရွှေကြာပင်အားကစားကွင်း)(Lot-1) လုပ်ငန်းများအတွက် မြန်မာပြည့်ဝအောင် ကုမ္ပဏီမှလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်တွင် ဆောင်ရွက်မည့် (Lot-2)လုပ်ငန်းများအတွက် SM&T ကုမ္ပဏီမှလည်းကောင်း၊ တပ်ကုန်းမြို့နယ်(Lot-3)လုပ်ငန်းများအတွက် မြင့်မြင့်သိန်းကုမ္ပဏီမှလည်းကောင်း၊ ပျဉ်းမနားမြို့နယ် (ဘောဂဝတီအားကစားကွင်း) ဆောင်ရွက်မည့်(Lot-4)လုပ်ငန်းများအတွက် Future Galaxy Rays ကုမ္ပဏီများမှ အမြင့်ဆုံး ကြမ်းခင်းဈေးများဖြင့် ဈေးပြိုင် (တင်ဒါ)လုပ်ငန်းများ အောင်မြင်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဈေးပြိုင်(တင်ဒါ)ခေါ်ယူသည့် (Lot)လုပ်ငန်း (၄)ခုနှင့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဈေးပြိုင်(တင်ဒါ) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကုမ္ပဏီ(၄၈)ခုရှိကြောင်း သတင်းရရှိသည်။

        


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%94%E1%80%9A%E1%80%BA%E2%80%8C%E1%80%99%E1%80%BC%E1%80%B1%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%81%82%E1%81%81-%E1%80%98%E1%80%8F%E1%80%B9%E1%80%8D%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA