spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက်ငွေလုံးငွေရင်း(စက်ပစ္စည်း) ခွင့်ပြုငွေမှ ဝယ်ယူမည့်ပစ္စည်းများအတွက် ဈေးပြိုင်(တင်ဒါ)ဖွင့်ဖောက်အခမ်းအနား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တက်ရောက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက်ငွေလုံးငွေရင်း(စက်ပစ္စည်း) ခွင့်ပြုငွေမှ ဝယ်ယူမည့်ပစ္စည်းများအတွက် ဈေးပြိုင်(တင်ဒါ)ဖွင့်ဖောက်အခမ်းအနား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာလ(၂၉)ရက်။          

၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်း(စက်ပစ္စည်း) ခွင့်ပြုငွေမှ ဝယ်ယူမည့် ပစ္စည်းများအတွက် ဈေးပြိုင်(တင်ဒါ)ဖွင့်ဖောက်သည့် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁) စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ဒါကော်မတီဥက္ကဌ ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(စက်ပစ္စည်း) ခွင့်ပြုငွေမှ ဝယ်ယူမည့် ပစ္စည်းများအတွက် တင်ဒါဖွင့်ဖောက်သည့် အခမ်းအနားဖြစ်ပါကြောင်း Game Management System၊ Office Equipment ၊ Machinery Equipment ပစ္စည်းများကို အမျိုးအစား(၃)မျိုးခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တင်ဒါဖွင့်ဖောက်သည့်အခါတွင်လည်း ဝန်ကြီးဌာန၊ ဦးစီးဌာနများတွင် နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်သည့်အတွက်ကြောင့် ကုမ္ပဏီများအနေဖြင့်လည်း အတွေ့အကြုံရှိပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ယခုဆောင်ရွက်မှုကိုလည်း ၁/၂၀၁၇ ညွှန်ကြားချက်ပါအတိုင်း ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုများဖြင့် ဆောင်ရွက်သွားပြီး ရလဒ်များကို တရားဝင် ထုတ်ပြန် ကြော်ငြာပေးသွားမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသည့် ကုမ္ပဏီများအနေဖြင့် ပွင့်လင်းမြင်သာစွာဖြင့် ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Game Management System ပစ္စည်းများကို တင်သွင်းသည့် ကုမ္ပဏီ(၂)ခု၊ Office Equipment ပစ္စည်းများကို တင်သွင်းသည့် ကုမ္ပဏီ(၃)ခု၊ Machinery Equipment ပစ္စည်းများ တင်သွင်းသည့် ကုမ္ပဏီ(၁၃)ခု စုစုပေါင်းကုမ္ပဏီ(၁၈)ခုတို့မှ တင်သွင်းသည့် တင်ဒါ ပုံစံများအား ဖွင့်ဖောက်ခြင်းနှင့် ဈေးနှုန်းပစ္စည်းများအား စီစစ်အတည်ပြု သတ်မှတ်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%81%82%E1%81%80%E1%81%82%E1%81%81-%E1%80%98%E1%80%8F%E1%80%B9%E1%80%8D%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%98%E1%80%90%E1%80%BA%E1%80%82%E1%80%BB%E1%80%80%E1%80%BA%E1%80%84%E1%80%BD%E1%80%B1%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%84%E1%80%BD%E1%80%B1%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%95%E1%80%85%E1%80%B9%E1%80%85%E1%80%8A%E1%80%BA%E1%80%B8-%E1%80%81%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%AF%E1%80%84%E1%80%BD%E1%80%B1%E1%80%99%E1%80%BE