spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် အားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး(၂)ထပ်၊ အား/ကာမှူးနေအိမ်(၁) ထပ်နှင့် RCခြံစည်းရုံးတည်ဆောက်ခြင်းလုပ်ငန်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် အားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး(၂)ထပ်၊ အား/ကာမှူးနေအိမ်(၁) ထပ်နှင့် RCခြံစည်းရုံးတည်ဆောက်ခြင်းလုပ်ငန်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ (၈) ရက်။
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် အားကစားကွင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနရုံး(၂)ထပ်၊ အား/ကာမှူးနေအိမ်(၁) ထပ်နှင့် RCခြံစည်းရုံးတည်ဆောက်ခြင်းလုပ်ငန်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ယနေ့ နံနက်(၈)နာရီအချိန်က ဇဗ္ဗူသီရိမြို့နယ် (ရွှေကြာပင်အားကစားကွင်း) မြေနေရာ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒဏ္ခိဏခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး၊ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ကိုယ်စား) ဦးလှိုင်မင်းဦး၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဒဏ္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ ဇဗ္ဗူသီရိမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးရဲအောင်၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာပြည့်ဝအောင်ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာ ဦးမျိုးသီဟအောင် တို့တက်ရောက်ခဲ့ကြသည်။
 
 
အစီအစဉ်အရ နံနက်(၈)နာရီ မင်္ဂလာအချိန်တွင် အခမ်းအနားမှူးက နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် တာဝန်ရှိသူများမှ ပန္နက်တိုင်(၉)နေရာတွင် တစ်ပြိုင်တည်း ရတနာပန္နက်တော်(၉)ချက်တင်၍ အမွှေးနံ့သာရေများ ပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
 
 
ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ဘောဂတီအားကစားကွင်းတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် (စိုးလျှပ်စစ်ဖောင်ဒေးရှင်း) ဥက္ကဌ ဦးကျော်မင်းထွန်း၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဒဏ္ခိဏခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးထွန်းညွှန့်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဦး၊ ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုး၊ Future Galaxy Rays ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးကျင်လှတို့မှ နံနက်(၉)နာရီ မင်္ဂလာအချိန်တွင် တစ်ပြိုင်တည်း ရတနာပန္နက်တော် (၉)ချက်တင်၍ အမွှေးနံ့သာရေများပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
 
 
ထို့နောက် ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗသီရိ အားကစားကွင်းတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်၊ (စိုးလျှပ်စစ် ဖောင်ဒေးရှင်း)ဥက္ကဌ ဦးကျော်မင်းထွန်း၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ ဥတ္တရခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးဝင်းညွှန့် ၊ ပုဗ္ဗသီရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ပုဗ္ဗသီရိမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး၊ ပုဗ္ဗသီရိမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းဝင်း(ရွှေသပြေ)၊ SM & T မန်နေးဂျင်း ဒါရိုက်တာ ဦးထိန်ဝင်းတို့မှ နံနက်(၁၀)နာရီ မင်္ဂလာအချိန်တွင် ပန္နက်တိုင်(၉)နေရာတွင် တစ်ပြိုင်တည်း ရတနာပန္နက်တော်(၉)ချက်တင်၍ အမွှေးနံ့သာရေများ ပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
 
 
ဆက်လက်၍ တပ်ကုန်းမြို့နယ် (A)အားကစားရုံတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦး၊ တပ်ကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးခင်အောင်တင်၊ တပ်ကုန်းမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းလတ်၊ တပ်ကုန်းမြို့နယ် မြို့မိ၊ မြို့ဖ များဖြစ်ကြသော ဒေါက်တာ ခင်မောင်ထွန်း၊ ဦးတင်ဝင်းတိုး၊ မြင့်မြင့်သိန်းကုမ္ပဏီ ဒါရိုက်တာ ဦးဟန်မင်းအောင် တို့မှ နေ့လယ်(၂)နာရီ (၄၅)မိနစ် မင်္ဂလာအချိန်တွင် ပန္နက်တိုင်(၉)နေရာတွင် တစ်ပြိုင်တည်း ရတနာပန္နက်တော် (၉)ချက်တင်၍ အမွှေးနံ့သာရေများ ပက်ဖျန်းကာ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA-%E1%80%87%E1%80%97%E1%80%B9%E1%80%97%E1%80%B0%E1%80%9E%E1%80%AE%E1%80%9B%E1%80%AD%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%81%8A-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%80%E1%80%BC%E1%80%AC%E1%80%95%E1%80%84%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%9B%E1%80%AF%E1%80%B6%E1%80%B8%E1%81%82%E1%80%91%E1%80%95%E1%80%BA%E1%81%8A