ရန်ကုန်၊ မတ်လ(၆)ရက်။
၂ဝ၁၈ခုနှစ် ၊(၁၁)ကြိမ်မြောက် ရန်ကုန်မြို့တော်ဝန်ဖလား တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ရန်ကုန်မြို့၊မဂင်္လာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်အားကစားကွင်းရှိ ကွင်းအမှတ်(၁)၌ကျင်းပခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကြ (မြို့တော်ဝန်) ဦးမောင်မောင်စိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ခင်မောင်သန်းနှင့် အမှုဆောင်များ၊ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ဒုတိယကျောင်းအုပ် ဦးဗလကျော်သူနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးမောင်မောင်စိုး က အဖွင့်အမှာစကားပြောကြားကာ ပြိုင်ပွဲဝင်အားကစားသမားများနှင့်အတူ အားကစားသစ္စာဓြာိန်ရွတ်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကြ (မြို့တော်ဝန်) ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကြဒေါက်တာခင်မောင်သန်း တို့က တင်းနစ်ပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ (မြို့တော်ဝန်) ဦးမောင်မောင်စိုးနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကြဒေါက်တာခင်မောင်သန်း တို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် ဥက္ကြ ဒေါက်တာ ခင်မောင်သန်းက အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြသည်။
အဆိုပါပြိုင်ပွဲတွင် အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး အလွတ်တန်းတစ်ဦး ချင်းပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ သက်တန်းလိုက်သက်ငယ်တန်းပြိုင်ပွဲများ၊ (၆ဝ)နှင့်အထက် နှစ်ယောက်ပေါင်း ပေါင်(၁၃ဝ)တန်းပြိုင်ပွဲများဖြစ်ပြီး ပြိုင်ပွဲဝင်ကလပ်အသင်း(၁၂)သင်း စုစုပေါင်း ပြိုင်ပွဲဝင်ကစားသမားများ(၂၄၆)ဦး ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသတင်းရရှိသည်။