spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၄၉)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနား သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

(၄၉)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနား သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ (၁၈)ရက်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်မှ (၂၁) ရက်အထိ Virtual Conferencing ဖြင့် ကျင်းပပြုလုပ်သည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံကို ယနေ့၊ နံနက်ပိုင်း (၈:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

(၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ ၏ ဆောင်ပုဒ်မှာ "Covid ရောဂါတိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့"( “Fighting together against COVID – 19”) ဟူ၍ဖြစ်ပြီး ညီလာခံတွင် အခြေခံသုတေသန စာတမ်း(၂၈)စောင်၊ အသုံးချသုတေသနစာတမ်း(၃၂)စောင်၊ လူမှုရေးနှင့်ကျန်းမာရေးစနစ် သုတေသန စာတမ်း (၂၄)ခုနှင့် ပိုစတာ (၂၅)ခုဖြင့် စုစုပေါင်း စာတမ်း(၁၆၄)စောင် တို့ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပြီး၊ ပညာရှင် သုတေသီများမှ သုတေသနစာတမ်းများကို Virtual နည်းလမ်းဖြင့် (၁၅)မိနစ်ကြာ တင်ပြသွားမှာဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသည့် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။  


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%84%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%9E%E1%80%AF%E1%80%90%E1%80%B1%E1%80%9E%E1%80%94%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8-%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7