spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်မည်

အကြိမ် (၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန်၊ ၁၅ ဇန်နဝါရီ 

ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ မြန်မာအား ကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။ 

အဆိုပါ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြားပစ်၊ ဘောလုံး၊ ကရာတေးဒို၊ ပိုက် ကျော်ခြင်း၊၀ရှုးစသည့် အားကစားနည်းများမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို လာမည့် ဇွန်လတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များအနေဖြင့် အားကစားသမားများအား Online Training ၊ Self Training များ ကြိုတင်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပြီး  ယင်းသို့ပြုလုပ်မှသာ အာဆီယံ တက္ကသိုလ် အားကစားပြိုင်ပွဲအတွက် လေ့ကျင့်ချိန်ပိုမိုရရှိမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက  အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု ပေါင်းစပ်ညိနိူင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ သက်ဆိုင်ရာအားကစားအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ကော်မတီ၏ စခန်းသွင်းခွင့်ပြုချက် ရရှိပါက အားကစားနှင့်ကာယပညာဦးစီးဌာနမှ လိုအပ်ချက်များအား ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-%E1%81%82%E1%81%80%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%AC%E1%80%86%E1%80%AE%E1%80%9A%E1%80%B6%E1%80%90%E1%80%80%E1%80%B9%E1%80%80%E1%80%9E%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA