spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ( ၁၂) ကြိမ်မြောက်အသက်( ၇၀) နှစ် နှင့်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲ

( ၁၂) ကြိမ်မြောက်အသက်( ၇၀) နှစ် နှင့်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲ

 
ရန်ကုန် ဇန်နဝါရီ (၁၇)။
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်၏( ၁၂) ကြိမ်မြောက်အသက်( ၇၀) နှစ် နှင့်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများအား သက်ကြီးပူဇော်ကန်တော့ပွဲကို ယနေ့မွန်းလွဲ၂နာရီက. ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
 
အဆိုပါပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် ဒုတိယဥက္ကဌဦး၀ဏ္ဏ (မာဂျေ)အတွင်းရေးမှူးဦးဖေဒီ၊တွဲဖက်အတွင်းရေးမှူးဦးမြင့်ကြည်တို့ဦးဆောင် ၍ ကန်တော့ခံအားကစားကလောင်ရှင်ကြီးများဖြစ်ကြသော ဦးစိုးဝင်း (တက္ကသိုလ်စိုးဝင်း)၊ ဦးစိုးမြင့် (စိုးမှူး) ၊ဦးတင်အောင်( ဂိုးတင်အောင်)၊ဦးကျော့မောင် (ကျော့မောင် မင်္ဂလာတောင်ညွန့်)၊ ဦးမြင့်ဆွေ( မြင့်ဆွေမြင့်)၊ ဦးကျော်စိန်သန်း (တက္ကသိုလ်ကျော်စိန်သန်း )တို့အား ကန်တော့ငွေနှင့် ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်းပေးသည်။
 
မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်အနေဖြင့် ယခုနစ် သက်ကြီးအားကစားကလောင်ရှင်များအားပူဇော်ကန်တော့ရာတွင် စုစုပေါင်းသက်ကြီးဝါရင့်ကန်တော့ခံအားကစားကလောင်ရှင်ကြီး ၂၃ ဦးရှိပြီးအားကစား စာရေးဆရာလောကတွင် အသက်အရွယ်အားဖြင့်ကြီးသူ၊ဂုဏ်အားဖြင့်ကြီးမြတ်သူများအား အလေးထားဂုဏ်ပြုပူဇော်ခြင်းဖြစ်ကြောင်း၊ အဆိုပါ ၂၃ ဦးမှ ကျန်ရှိသက်ကြီးအားကစားကလောင်ရှင်ကြီးများအား ၎င်း အဖွဲ့ချုပ်တာဝန်ရှိသူများက အွန်လိုင်းဖြင့်ဖြစ်စေ၊အိမ်တိုင်ရာရောက်ဖြစ်စေ ကန်တော့ငွေနှင့်ကန်တော့ပစ္စည်းတို့ကိုဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%82-%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9E%E1%80%80%E1%80%BA-%E1%81%87%E1%81%80-%E1%80%94%E1%80%BE%E1%80%85%E1%80%BA-%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%91%E1%80%80%E1%80%BA-%E1%80%9E%E1%80%80%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%9D%E1%80%AB%E1%80%9B%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%9C%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8