spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်လျက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်လျက်ရှိ

 
နေပြည်တော်၊ မတ်လ(၇)ရက်။
 
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များ နွေရာသီအားလပ်ရက်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ်အားကစားများ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းကာ နွေရာသီအခြေခံ အားကစားသင်တန်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ မြိုနယ်အသီးသီး၌ ၂ဝ၁၈ခုနှစ်၊ မတ်လဆန်းမှ စတင်၍ အားကစားနည်းပေါင်းစုံကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ 
 
 
အဆိုပါ နွေရာသီအားကစားသင်တန်းများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပြိုင််တည်းဖွင့်လှစ်ထားရှိမှု အခြေအနေများမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် မြို့နယ်(၈)မြို့နယ်တွင် အားကစားနည်း (၈)နည်းဖြင့် သင်တန်းသား(၄၃၃၁)ဦးကို လည်းကောင်း၊ ကချင်ပြည်နယ်တွင် မြို့နယ်(၁၂)မြို့နယ်တွင် အားကစားနည်း(၁၅)နည်းဖြင့် သင်တန်းသား(၁၇ဝဝဝ)ဦးကိုလည်းကောင်း၊ ကယားပြည်နယ်တွင် မြို့နယ်(၇)မြို့နယ်တွင် အားကစားနည်း(၁ဝ)နည်းဖြင့် သင်တန်းသား(၂၃ဝဝ)ဦးကိုလည်းကောင်း၊ ကရင်ပြည်နယ်တွင် မြို့နယ်(၇)မြို့နယ်တွင် အားကစားနည်း(၁၂)နည်းဖြင့် သင်တန်းသား(၂၃၆၂)ဦးကို လည်းကောင်း၊ ချင်းပြည်နယ်တွင် မြို့နယ်(၉)မြို့နယ်တွင် အားကစားနည်း(၈)နည်းဖြင့် သင်တန်းသား(၃၃ဝဝ)ဦးကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်(၃၆)မြို့နယ် တွင်အားကစားနည်း(၁၈)နည်းဖြင့် သင်တန်းသား(၅၁၇၁)ဦးကိုလည်းကောင်း၊ တနသင်ာ္ရီတိုင်း ဒေသကြီးတွင်မြို့နယ်(၁ဝ)မြို့နယ်တွင် အားကစားနည်း(၉)နည်းဖြင့် သင်တန်းသား(၁ဝ၄၅)ဦး ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၆)မြို့နယ်တွင် အားကစားနည်း (၁၉)နည်းဖြင့် သင်တန်းသား(၅၇၁၃)ဦးကို လည်းကောင်း၊ မကွေးတိိုင်းဒေသကြီးတွင် မြို့နယ်(၂၅)မြို့နယ်တွင် အားကစားနည်း(၁၉)နည်းဖြင့် သင်တန်းသား(၅ဝ၇၄)ဦးကို လည်းကောင်း၊ မွန်ပြည်နယ်တွင် မြို့နယ်(၁ဝ)မြို့နယ်တွင် အားကစားနည်း(၁၁)နည်းဖြင့် သင်တန်းသား(၂၁၉၉)ဦးကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ် တွင် အားကစားနည်း(၂၃)နည်းဖြင့် သင်တန်းသား(၉၅၃၁)ဦးကို လည်းကောင်း၊ ရခိုင်ပြည်နယ်တွင် မြို့နယ်(၁၇)မြို့နယ်တွင် အားကစားနည်း(၁၃)နည်းဖြင့် သင်တန်းသား (၇၄၁၃)ဦးကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်(၄၃)မြို့နယ်တွင် အားကစားနည်း(၃၂)နည်းဖြင့် သင်တန်းသား(၂၅၇၇၃)ဦးကို လည်းကောင်း၊ ရှမ်းပြည်နယ် တွင် မြို့နယ်(၄၆)မြို့နယ်တွင် အားကစားနည်း(၂၁)နည်းဖြင့် သင်တန်းသား(၂၂၁၇၆)ဦးကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်(၂၆)မြို့နယ်တွင် အားကစားနည်း (၁၈)နည်းဖြင့် သင်တန်းသား(၇၉၈၂)ဦးကို လည်းကောင်း အသီးသီး ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁.၃၆)ရာခိုင်နှုန်းရှိကြောင်းသိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-%E1%80%90%E1%80%85%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%A1%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%90%E1%80%AC%E1%80%96%E1%80%BC%E1%80%84%E1%80%BA%E1%80%B7