spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တရုတ်နိုင်ငံ၌ကျင်းပသည့် Yon Le Hui Club Open ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီဗိုလ်စွဲခဲ့

တရုတ်နိုင်ငံ၌ကျင်းပသည့် Yon Le Hui Club Open ဖိတ်ခေါ် 8 Ball ပြိုင်ပွဲတွင် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီဗိုလ်စွဲခဲ့

ရန်ကုန်၊  ၂၅   ဇန်နဝါရီ

ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ တရုတ်နိုင်ငံ၌ကျင်းပသည့် Yon Le Hui Club Open ဖိတ်ခေါ်  8 Ball ပြိုင်ပွဲတွင်  မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် နောက်ဆုံးအဆင့်မှ စတင်ကစားရပြီး ပြိုင်ပွဲတစ်လျှောက် လက်စွမ်းပြကာ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲတစ်လျှောက် တရုတ်ကစားသမားများနှင့် တွေ့ဆုံခဲ့ပြီး ဗိုလ်လုပွဲတွင် ကောင်ကျန်ဝူကို ၁၁-၉ ပွဲဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သောကြောင့် ဆုကြေးအဖြစ်  မြန်မာငွေ ကျပ်သိန်း ၆၀ နှင့်ညီမျှသည့် ပမာဏာရရှိခဲ့သည်။

ဘုန်းမြင့်ကျော်သည် ယခုလအတွင်း ပြိုင်ပွဲသုံးခုယှဉ်ပြိုင်ရာတွင် ပြိုင်ပွဲနှစ်ခု၌ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက်ရရှိသည့် ချန်ပီယံဆုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

သတင်း-ညီမြတ်သော်တာ


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8C%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA-yon-le-hui-club-open-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-8-ball-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC-pool