spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၈)ကြိမ်မြောက် Japan Cup 2018 ကရာတေးပြိုင်ပွဲ၊ဖွင့်ပွဲကျင်းပ

(၈)ကြိမ်မြောက် Japan Cup 2018 ကရာတေးပြိုင်ပွဲ၊ဖွင့်ပွဲကျင်းပ

 
ရန်ကုန်၊ မတ်လ(၇)ရက်။
 
ဂျပန်ဖလား ကရာတေးပြိုင်ပွဲများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခဲ့တာ (၈)ကြိမ်မြောက်ဖြစ်ပြီး  မြန်မာ- ဂျပန်ကရာတေးဒိုအားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကရာတေးအားကစားနည်းကို ပိုမိုပါဝင်ကစားလာစေရေးနှင့် မြန်မာ့လက်ရွေးစင် ကရာတေး အားကစားသမားများပေါ်ထွက်လာစေရေး၊ ၂ဝ၂ဝခုနှစ်တွင် ဂျပန်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် ကရာတေး အားကစားနည်းပါဝင်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ဝင်းတွင် ကျင်းပပြုလုပ်သည့် ၂ဝ၁၈ ခုနှစ် (၈) ကြိမ်မြောက် ကရာတေးပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ထွန်း၊ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ သံအမတ်ကြီး ကိုယ်စား ပထမအတွင်းဝန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဌာနမှူး Mr. Toshimichi Koda  နှင့် သံရုံးမိသားစုဝင်များ၊ မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်နှင့် ဒုတိယဥက္ကဌများ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
 
 
ဂျပန်ဖလားကရာတေးပြိုင်ပွဲဖွင့်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနမှူး Mr. Toshimichi Koda ကကျေးဇူးတင်စကားနှင့် မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာဝင်းဇော်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုကြသည်။
 
ဆက်လက်ပြီး မြန်မာနိုင်ငံကရာတေး အဖွဲ့ချုပ်မြန်မာ့လက်ရွေးစင်အားကစား သမားများနှင့် လူငယ်မျိုးဆက်သစ်အားကစားသမားများက ကရာတေးစုပေါင်းသရုပ်ပြသကြသည်။
 
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်းပေါင်း (၃ဝ)သင်းနှင့် အားကစားသမားစုစုပေါင်း (၂၅ဝ)ဦးတို့သည် ှနညငသမ ၊ ဲကညငသမ ၊ ဃေိနအ ၊ ့ညိနမ -၁၄ ၊ ့ညိနမ-၁၂ သက်တန်းလိုက်ပြိုင်ပွဲ အတန်းအမျိုးအစား (၄ဝ)မျိုး ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%88%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-japan-cup-2018-%E1%80%80%E1%80%9B%E1%80%AC%E1%80%90%E1%80%B1%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%81%8A%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95