spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ လုပ်ငန်း စီမံချက်အစည်းအဝေး

၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ လုပ်ငန်း စီမံချက်အစည်းအဝေး

 
ဇမ္ဗူသီရိ ဇန်နဝါရီ (၂၃)
 
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ လုပ်ငန်း စီမံချက်အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေးက ဗဟိုကိုဗစ်ကော်မတီ၏ ခွင့်ပြုချက်ရရှိပါက စက်ဘီးစီးပြိုင်ပွဲအား (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များ အား ပြောကြားခဲ့သည်။
 
ဆက်လက်၍ ပြိုင်ပွဲကျင်းပရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီ အတွင်းရေးမှူး နေပြည်တော်စက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်လင်းက ပြိုင်ပွဲကျင်းပမည့် ပုံစံနှင့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းတင်ပြခဲ့သည်။  ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသော ဌာနဆိုင်ရာများ စက်ဘီးစီးဝါသနာရှင်များက သိရှိလိုသည်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
 
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေးနှင့် ဌာနဆိုင်ရာများ၊ နေပြည်တော် စက်ဘီးစီး ဦးစီးကော်မတီဝင်များ ဒိုင်များနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%81-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8B%E1%80%B9%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8-%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2