spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေး Mask Campaign များပြုလုပ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်နိုင်ရေး Mask Campaign များပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ(၂၈)

မြန်မာနိုင်ငံတွင် Covid 19 ရောဂါမပြန့်ပွှား၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး၊ ကုသရေး၊ လုပ်ငန်းစဉ်များအား နိုင်ငံတော်မှအမျိုးသားရေးအသွင်ဖြင့် အင်တိုက်အားတိုက် ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်(၁၁.၁.၂၀၂၁ )ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ (၃၀.၁၁.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့၊ ကလေးမြို့ (၈.၁၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့၊(၁၀.၁၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ (၁၁.၁၂.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် (၁၅.၁၂.၂၀၂၀)ရက်နေ့တွင် မန္တလေးတိုင်း၊ သာစည် (၂၂.၁.၂၀၂၁)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် (၁.၁၂.၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၊ တမူးမြို့၊ ဖောင်းပြင်မြို့တို့တွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနဝန်ထမ်းများမှ ဈေးရောင်းသူ/ဈေးဝယ်သူများနှင့် ပြည်သူများအား MASKများအခမဲ့ဖြန့်ဝေ၍ COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဆောင်ရန်/ရှောင်ရန် စည်းကမ်းများ အသိပေးကြေညာခြင်း၊ လက်ဆေးခြင်း၊ သရုပ်ပြခြင်း၊ MASK CAMPAIGN ပြုလုပ်ခြင်း၊ MASKပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-covid-19-%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%81%8A-%E1%80%91%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-mask-campaign-1