spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ပီတန်းအသင်း လက်ရည်ဆန်းပြိုင်ပွဲကျင်းပ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်ကြည့်ရှုအားပေးဆုများချီးမြှင့်

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ပီတန်းအသင်း လက်ရည်ဆန်းပြိုင်ပွဲကျင်းပ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တက်ရောက်ကြည့်ရှုအားပေးဆုများချီးမြှင့်

 

နေပြည်တော်၊မတ်လ(၂၇)။ ။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်းအားကစားအသင်း ပထမအကြိမ် လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း အတွင်းရှိ  ပီတန်းလေ့ကျင့်ရေးကွင်း၌ မတ်လ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့များတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆုများကို ချီးမြှင့်ခဲ့ပါသည်။

ပြိုင်ပွဲကို မတ်လ (၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့များတွင် (၃၁)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲဝင် ပီတန်းအားကစားသမား (၁၀)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစား အဖြစ် Shooting အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ပထမဆုရရှိခဲ့သော  မောင်ဝင်းသူရှိန်ထွန်းအား လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန  ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဒုတိယဆုရရှိခဲ့သော မခင်ချယ်ရီသက်အား လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ တတိယဆုရရှိခဲ့သော မအေးအေးငြိမ်းအား လည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

           

           

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9D%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA%E1%80%95%E1%80%AE%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8