spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားအဖွဲ့ လက်ရည်စစ်ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ဆုများချီးမြှင့်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် မြားပစ်အားကစားအဖွဲ့ လက်ရည်စစ်ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ဆုများချီးမြှင့်

နေပြည်တော်၊ ဧပြီလ(၆)ရက်။              ။

၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ့အားကစားအဖွဲ့ ပါဝင်ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရေးအတွက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိရာ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်မြားပစ်အဖွဲ့သည် ပြိုင်ပွဲအကြို ပထမအကြိမ်လက်ရည်စစ်ပြိုင်ပွဲကို ဧပြီလ (၅)ရက် နှင့်(၆)ရက်နေ့များတွင် နေ့စဉ် မနက်(၉)နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ မြားပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တက်ရောက်ကြည့်ရှုအားပေး၍ ဆုများချီးမြှင့်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါပြိုင်ပွဲများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော ပြိုင်ပွဲဝင်ကစားသမား(၁၆)ဦး ပါဝင် ယှဉ်ပြိုင်ကြပြီး Compound တစ်ဦးချင်းပြိုင်ပွဲများနှင့် Recurve တစ်ဦးချင်းပြိုင်ပွဲများ ကျင်းပခဲ့ပါသည်။

ပြိုင်ပွဲများအပြီး ဆုများကိုချီးမြှင့်ရာ Recurve မီတာ(၃၀)တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် အားကစားကွင်း/ရုံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦးတို့မှ ဆုများချီးမြှင့်၍လည်းကောင်း၊ Compound မီတာ(၃၀)တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယ ညွှန်ကြားရေးမှူးချုပ်(၃) ဦးကျော်ဦးမှ ဆုများကို ချီးမြှင့်၍လည်းကောင်း၊ Compound မီတာ(၅၀) တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းမှ ဆုများကို ချီးမြှင့်၍လည်းကောင်း၊ Recurve မီတာ(၇၀)တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိကြသော အားကစားသမားများအား  ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဆုများကို ချီးမြှင့်၍လည်းကောင်း၊ Recurve Mixed Team မီတာ(၇၀)ပြိုင်ပွဲတွင် ဆုရရှိကြသော အားကစား သမားများနှင့် အတိုးတက်ဆုံးဆုရသော အားကစားသမား၊ အကောင်းဆုံးဆုရ အားကစားသမားများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

          


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA