spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရန်အတွက် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုများအား ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးအားပေး

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရန်အတွက် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုများအား ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးအားပေး

နေပြည်တော်၊ မေလ(၄)ရက်။         ။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှု ရရှိစေရေးအတွက်  နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၌ စခန်းသွင်း လေ့ကျင့်လျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်(၈)နာရီအချိန်တွင် မြန်မာအားကစားအဖွဲ့များ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒိ္ဓ လက်ဝှေ့အားကစားရုံတွင် လက်ရွေးစင် လက်ဝှေ့အားကစားသမားများ လေ့ကျင့် ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓဘောလုံးအားကစားကွင်းအတွင်း လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓ လေ့ကျင့်ရေးဘောလုံးကွင်း(၃)တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ လေ့ကျင့်ရေးဝတ်စုံ၊ လေ့ကျင့်ရေး အထောက်အကူပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများသည် ဝဏ္ဏသိဒိ္ဓှိ အလေးမအားကစားရုံတွင် လက်ရွေးစင် အလေးမ အားကစားသမားများ လေ့ကျင့်ကစားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အဖွဲ့သည် ဝဏ္ဏသိဒိ္ဓ ဖူဆယ်အားကစားရုံအတွင်း လက်ရွေးစင် ဝူရှူးအားကစားသမားများ လေ့ကျင့်ကစားနေမှုများကို လည်းကောင်း၊ ဝဏ္ဏသိဒိ္ဓဘိလိယက်အားကစားခန်းမ၌ လက်ရွေးစင် ဘိလိယက်အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓပိုက်ကျော်ခြင်း အားကစားရုံ၌ လက်ရွေးစင် ပိုက်ကျော်ခြင်းအားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ ဝဏ္ဏသိဒိ္ဓအားကစားရုံ(B)၌ လက်ရွေးစင် အမျိုးသားဘော်လီဘော အားကစားသမားများ လေ့ကျင့်ကစားနေမှုများကိုလည်းကောင်း၊ နေပြည်တော် မြားပစ်အားကစားကွင်းတွင် လက်ရွေးစင် မြားပစ်အားကစားများ လေ့ကျင့်ပစ်ခတ်နေမှုများ ကိုလည်းကောင်း အသီးသီးကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်အားပေးကာ အားကစားသမားများ လေ့ကျင့်ရန်လိုအပ်လျက်ရှိသော လေ့ကျင့်ရေးအထောက်အကူပစ္စည်းများ၊ အခြားအုပ်ချုပ်မှု ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် နေလည်(၁၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာ၌ မြန်မာ့လက်ရွေးစင် အားကစားသမားများ နေ့လည်စာ စားသုံးနေမှုများနှင့် ညစာ ချက်ပြုတ်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%83%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9D%E1%80%84%E1%80%BA%E1%80%9B%E1%80%94%E1%80%BA%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%99%E1%80%BB%E1%80%AC%E1%80%B8