spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော်၊ မေ ၁၃

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ ကျင်းပရာ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက အမှာစကားပြောကြားပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မိတ္ထီလာခရိုင် ဘောလုံးအသင်းနှင့် မန္တလေးခရိုင်ဘောလုံးအသင်းတို့၏ယှဉ်ပြိုင်အားကစားနေမှုများကို ကြည့်ရှု့အားပေးသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို မေ ၂၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် ပြိုင်ပွဲဝင်အသင်း ခုနှစ်သင်းတို့က ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

မြန်မာ့အလင်းသတင်းစာမှကောက်နှုတ်ဖော်ပြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95