spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မော်လမြိုင်ကျွန်းမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ထားရှိ

မော်လမြိုင်ကျွန်းမြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်ထားရှိ

 

မော်လမြိုင်ကျွန်း၊ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားခန်းမသစ်၌ ဖွင့်လှစ်ထားရှိသည်။

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး မှန်မှန်လှုပ်ရှားလူတိုင်းအတွက်အားကစား" ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျန်းမာကြံ့ခိုင်မှုရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်ပေါ်လာစေရေး၊ မိမိကိုယ်ကိုယုံကြည်မှုရှိလာစေရေးနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရရှိရေး၊ အမိန့်နာခံတတ်မှု၊ သန့်ရှင်းသောစိတ်ဓာတ် အစရှိသည့် အခြေခံကောင်းများရရှိစေရေးအတွက် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး အဆိုပါအားကစားသင်တန်းတွင် ဘောလုံး၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့အားကစားနည်းများကို ဖွင့်လှစ်ထားရှိသည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို မေ ၁၁ ရက်နေ့မှ ၂၅ ရက်အထိ ညနေ ၄ နာရီမှ ၅ နာရီခွဲအတွင်း ကျောင်းသား/ကျောင်းသူများအား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%B1%E1%80%AC%E1%80%BA%E1%80%9C%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%80-%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%81%8D