spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > လပွတ္တာ၌ နွေရာသီအားကစားနည်းများ ဖွင့်လှစ်သင်ကြားပေး

လပွတ္တာ၌ နွေရာသီအားကစားနည်းများ ဖွင့်လှစ်သင်ကြားပေး

 

လပွတ္တာ၊ မေ ၁၆

ဧရာဝတီတိုင်းဒေကြီး၊ လပွတ္တာခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီးအားကစားသင်တန်း ဖွင့်ပွဲကို မေ ၁၂ ရက်နေ့က ရဲတံခွန်အားကစားခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီက ကျန်းမာကြံ့ခိုင်မှုရရှိပြီး နိုင်ငံတော်အတွက် အားကိုးအားထား ပြုရမည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်ပေါ်လာစေရန် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ အေရိုးဗစ်၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ Ground Tennis, Table Tennis, Fitness Dance အားကစားနည်း ၁၂ မျိုးကို မေ ၂၅ ရက်အထိ ကျောင်းသား/သူ ၃၅၇ ဦး အား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9C%E1%80%95%E1%80%BD%E1%80%90%E1%80%B9%E1%80%90%E1%80%AC%E1%81%8C-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%96%E1%80%BD%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%95%E1%80%B1%E1%80%B8