spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိူးလှိုင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုဆောင်ရွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိူးလှိုင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုဆောင်ရွက်

နေပြည်တော်၊ မေလ(၂၆)ရက်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မေလ (၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသို့ အားကစားဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် တန့်ယန်းမြို့ အခြေချစစ်ဗျူဟာခန်းမ၌ တန့်ယန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များအား သွားရောက် တွေ့ဆုံ၍ တန့်ယန်းမြို့နယ်အားကစားဖွံ့ဖြိုးရေးအတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ တန့်ယန်းမြို့နယ်တွင် အားကစားပစ္စည်းများပေးအပ်လှူဒါန်းရာ ကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တန့်ယန်းမြို့နယ် အားကစားကွင်းသို့ရောက်ရှိလာ ပြီးဘောလုံးအားကစားကွင်းစိမ်းလန်းစိုပြေရေးနှင့် ပွဲကြည့်စင်များအား ကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ အားကစားကွင်းအတွင်းမြို့နယ်ဦးစီးဌာနရုံးနှင့် နေအိမ်တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များလမ်းညွှန်မှာ ကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တန့်ယန်းမြို့ ကိုင်းကုန်းပရဟိတ္တစာသင်တိုက် ဆရာတော်ဘုရားအားကြည်ညိုကန်တော့ပြီး လှူဖွယ်ပစ္စည်းများကို ပေးအပ် လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မိုင်းရယ်မြို့သို့ရောက်ရှိလာကာ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်တွေ့ဆုံ၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး မိုင်းရယ် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းပွဲကြည့်စင် တည်ဆောက်နေမှုလုပ်ငန်းများ၊ မိုးလုံလေလုံ အားကစားရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ယာများအတွက် တည်ဆောက်ရန် မြေနေရာများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သီပေါမြို့သို့ရောက်ရှိလာပြီး သီပေါမြို့နယ် အားကစားကွင်းအတွင်း တည်ဆောက်လျက်ရှိသော ‌ပေ(၂၀၀x ၁၀၀) မိုးလုံလေလုံ အားကစားရုံ တည်ဆောက်နေမှုအားကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးအောင်တည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်မဲမြို့သို့ရောက်ရှိလာပြီး ခရိုင်အားကစား ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းစိမ်းလန်းစိုပြေရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ရုံးဝန်ထမ်းအိမ်ယာနှင့်   မိုးလုံလေလုံအားကစားရုံအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပြန်လည်ပြုပြင် မွမ်းမံတည်ဆောက် နိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နောင်ချိုမြို့သို့ရောက်ရှိလာပြီး နောင်ချိုပြည်သူ့အား ကစားကွင်းသို့ကြည့်ရှုစစ်ဆေးရာ  ဘောလုံးကွင်းစိမ်းလန်းစိုပြေရေးနှင့် အဝင် ဆိုင်းဘုတ်မုဒ်ဦး ပြန်လည် ပြုပြင်နိုင်ရေးနှင့် တည်ဆောက်ပြီးသောဘောလုံး ပွဲကြည့်စင်များနှင့် တည်ဆောက်လျက်ရှိသော ပေ(၂၀၀x၁၀၀) မိုးလုံလေလုံအားကစားရုံ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%B0%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD