spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွန်ပြည်နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွန်ပြည်နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိ

 
နေပြည်တော်၊ မတ်လ(၉)ရက်။
 
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် လူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားနည်း အလိုက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူငယ်အားကစားသမားများ ထွက်ပေါ်လာ စေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှကြီးမှူး၍ မွန်ပြည်နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများအား မြို့နယ်အသီးသီး၌ ၂ဝ၁၈ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ဘောလုံး၊ ရေကူး၊ ကရာတေးဒို၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ လက်ဝှေ့၊ကြက်တောင်၊ ဘတ်စကတ်ဘော၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဂျုဒို၊ ဖူဆယ် စသည့်အားကစားနည်း(၁၄)နည်းကို ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ 
 
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများအား မွန်ပြည်နယ်တွင် ဖွင့်လှစ်ထားရှိမှုအခြေအနေများမှာ (၁၇.၂.၂ဝ၁၈)မှ (၁၆.၃.၂ဝ၁၈)ရက်အထိ မွန်ပြည်နယ်တွင် အားကစားနည်း (၉)နည်းဖြင့် သင်တန်းသား/သူ(၅၅၉)ဦးကိုလည်းကောင်း၊ (၁.၃.၂ဝ၁၈)မှ (၃ဝ.၃.၂ဝ၁၈)ရက်အထိ မော်လမြိုင်မြို့နယ်တွင်အားကစားနည်း(၅)နည်း ဖြင့်သင်တန်းသား/သူ(၂၉၅)ဦးကိုလည်းကောင်း၊ (၂၈.၂.၂ဝ၁၈)မှ (၃ဝ.၃.၂ဝ၁၈) ရက်အထိ ကျိုက်မရောမြို့နယ်တွင် အားကစားနည်း(၅)နည်းဖြင့် သင်တန်းသား(၁ဝ၅)ဦးကို လည်းကောင်း၊ (၂ဝ.၂.၂ဝ၁၈)မှ (၂ဝ.၃.၂ဝ၁၈)ရက်အထိ ချောင်းဆုံမြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၂ဝဝ)ဦးကိုလည်းကောင်း၊ (၂ဝ.၂.၂ဝ၁၈)မှ (၃၁.၃.၂ဝ၁၈)ရက်အထိ မုဒုံမြို့နယ်တွင် အားကစားနည်း (၆)နည်းဖြင့် သင်တန်းသား/သူ(၂၃၂)ဦးကိုလည်းကောင်း၊ (၁.၃.၂ဝ၁၈)မှ (၃၁.၃.၂ဝ၁၈)ရက်အထိ သံဖြူဇရပ်မြို့နယ်တွင် အားကစားနည်း(၅)နည်းဖြင့် သင်တန်းသား/သူ(၁၁၂)ဦးကို လည်းကောင်း၊ (၅.၃.၂ဝ၁၈)မှ (၂ဝ.၃.၂ဝ၁၈)ရက်အထိ ရေးမြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၁ဝ၂)ဦးကိုလည်းကောင်း၊ (၁.၃.၂ဝ၁၈)မှ (၃၁.၃.၂ဝ၁၈)ရက်အထိ ကျိုက်ထိုမြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၁၁၅)ဦးကိုလည်းကောင်း၊ (၅.၃.၂ဝ၁၈)မှ (၂၃.၃.၂ဝ၁၈)ရက်အထိ ဘီးလင်းမြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၁၃၈)ဦးကို လည်းကောင်း၊ (၅.၃.၂ဝ၁၈)မှ (၂၃.၃.၂ဝ၁၈)ရက်အထိ သထုံမြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၂၂၄)ဦးကိုလည်းကောင်း၊ (၅.၃.၂ဝ၁၈)မှ (၂၃.၃.၂ဝ၁၈)ရက်အထိ ပေါင်မြို့နယ်တွင် အားကစားနည်း (၅)နည်းဖြင့် သင်တန်းသား/သူ(၁၂၈)ဦးကိုလည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%99%E1%80%BE-1