spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား အသက်(၂၁)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား အသက်(၂၁)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်လ(၃)ရက်။

မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြှင့်မားစေရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား၊ အသက်(၂၁)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်ဘောလုံးအသင်းနှင့် ပျဉ်းမနားမြို့နယ် ဘောလုံးအသင်းတို့သည် ယနေ့ညနေ(၃)နာရီခွဲအချိန်တွင် ပေါင်းလောင်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၅) ဦးကျော်သိန်းဆိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ်အသင်းမှ ပျဉ်းမနားမြို့နယ်အသင်းကို (၁)ဂိုး ဂိုး(မရှိ) ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အကောင်းဆုံး ဂိုးသမားဆု ရရှိသွားသော ပျဉ်းမနားမြို့နယ်အသင်းမှ ကျောနံပါတ်(၁၈) မောင်ကျော်ဇင်ဟိန်း အား နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၅) ဦးကျော်သိန်းဆိုင်မှ အကောင်းဆုံးတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ချီးမြှင့်၍ လည်းကောင်း၊ အကောင်းဆုံး နောက်တန်း ကစားသမားဆု ရရှိသွားသော လယ်ဝေးမြို့နယ်အသင်းမှ ကျောနံပါတ်(၄) မောင်ဖိုးသားကြီးနှင့် အကောင်းဆုံး အလယ်တန်းကစားသမား ဆုရရှိသွားသော ပျဉ်းမနားမြို့နယ်အသင်းမှ ကျောနံပါတ်(၇) မောင်ပိုင်ဖြိုးဇော်တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ အကောင်းဆုံးတစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသား ဆုများအား ချီးမြှင့်၍လည်းကောင်း၊ အကောင်းဆုံး ရှေ့တန်းကစားသမားဆုကို ရရှိသွားသော တပ်ကုန်းမြို့နယ်အသင်းမှ ကျောနံပါတ်(၉) မောင်ဖြိုးစည်သူနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိသွားသော တပ်ကုန်းမြို့နယ်အသင်းမှ ကျောနံပါတ်(၁၀) မောင်တင်မျိုးနိုင်တို့အား အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အကောင်းဆုံးတစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများအား ချီးမြှင့်၍လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် တာဝန်ထမ်းဆောင်ခဲ့ကြသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများ ကိုယ်စား ဒိုင်လူကြီးတစ်ဦးကို နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃) ဦးမြင့်စိုးမှ ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ဆက်လက်၍ တတိယဆုရရှိသော လယ်ဝေးမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းမှ ဆုများကိုချီးမြှင့်၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ပျဉ်မနားမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို နေပြည်တော်ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင်မှ ဆုများကို ချီးမြှင့်၍ လည်းကောင်း၊ ပထမဆုရရှိသော တပ်ကုန်းမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ချီးမြှင့်၍လည်းကောင်း၊ ပထမဆုရရှိသော တပ်ကုန်းမြို့နယ်အသင်းအား ငွေသားဆုနှင့် ပထမတံခွန်စိုက် ဆုဖလားအား နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာ မောင်မောင်နိုင်မှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%82%E1%81%81-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%B1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%81%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6