spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ဆက်လက်ကြည့်ရှုစစ်ဆေး

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ဆက်လက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်လ(၂၂)ရက်။             ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ(၂၁)ရက်နေ့တွင် ဧရာဝတီတိုင်း အားကစားကွင်း/အားကစားရုံ များ ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့နံနက်(၇)နာရီအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ကိုးသိန်းဘောလုံးအားကစားကွင်းသို့ ရောက်ရှိလာကာ မီတာ(၄၀၀)ပြေးလမ်း ခင်းကျင်းနေမှုအခြေအနေနှင့်ဘောလုံးကွင်းပွဲကြည့်စင်တို့ကို ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနရုံး(၂)ထပ်ဆောင် တည်ဆောက်နေမှုနှင့် မိုးလုံလေလုံးအားကစားခန်းမ ပြန်လည်ပြုပြင်မွမ်းမံနေမှုတို့ကိုလည်းကောင်း အသီးသီး ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့ရောက်ရှိလာပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးဆန်းဌေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် အိမ်မဲမြို့နယ်ဘောလုံးအားကစား ကွင်းနှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ပြီးစီးမှုနှင့် မြို့နယ်အားကစားဦးစီးဌာနရုံးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မမြို့အားကစားကွင်းအသစ် ဖောက်လုပ်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ဝါးခယ်မမြို့နယ်ရှိ ရွှေခယ်သီရိ မိုးလုံလေလုံ အားကစားခန်းမအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ မြို့နယ်ဘောလုံးအားကစားကွင်းအား ကြည့်ရှု စစ်ဆေး၍ ပြန်လည်ပြုပြင်မွမ်းမံရန် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါ သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ်သို့ရောက်ရှိလာကာ မြောင်းမြ ပြည်သူ့အားကစားကွင်းနှင့် အားကစားခန်းမများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရောက်ရှိလာပြီး (၃)မိုင်မြို့သစ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ ကြည့်ရှုစစ်ဆေးပြီး လပွတ္တာမြို့နယ် (၃)မိုင် မြို့သစ် ဘောလုံးအားကစားကွင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ လပွတ္တာမြို့နယ် ပြည်သူ့အားကစားကွင်း၊ မိုးလုံးလေလုံအားကစားခန်းမနှင့် တင်းနစ်အားကစားကွင်း တို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရောက်ရှိလာပြီး (၃)မိုင်မြို့သစ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ ကြည့်ရှုစစ်ဆေးပြီး လပွတ္တာမြို့နယ် (၃)မိုင် မြို့သစ် ဘောလုံးအားကစားကွင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေး၍ လည်းကောင်း၊ လပွတ္တာမြို့နယ် ပြည်သူ့အားကစားကွင်း၊ မိုးလုံးလေလုံအားကစားခန်းမနှင့် တင်းနစ်အားကစားကွင်း တို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%A7%E1%80%9B%E1%80%AC%E1%80%9D%E1%80%90%E1%80%AE%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%AD-0