spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှု အားပေးကာ ဆုများချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်မြားပစ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှု အားပေးကာ ဆုများချီးမြှင့်

နေပြည်တော်၊ ဇူလိုင်လ(၈)ရက်။          

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှု ရရှိရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြားပစ်အားကစားနည်းသည် ပြိုင်ပွဲအကြို လက်ရည်ဆန်းစစ်ပြိုင်ပွဲကို ဇူလိုင်လ(၇)ရက်နှင့် (၈)ရက်နေ့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ နောက်ဆုံး ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ(၃:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင် တက်ရောက် ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများ၊ မြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ညနေပိုင်း ဗိုလ်လုပွဲစဉ်အဖြစ် Compound Individual တစ်ဦးချင်းပြိုင်ပွဲနှင့် Mix Team နှစ်ယောက်တွဲပြိုင်ပွဲများ၊ Recurve Individual တစ်ဦးချင်း နှင့် Mix Team နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် တက်ရောက်လာကြသူများ ကြည့်ရှုအားပေးကြပါသည်။

ပြိုင်ပွဲများအပြီးတွင် ဆုများချီးမြှင့်ရာတွင် Compound တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှလည်းကောင်း၊ Recurve အမျိုးသမီးတစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှလည်းကောင်း၊ Recurve အမျိုးသားတစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ လည်းကောင်း၊ Compound Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း၊ Recurve Mixed Team ရှုံးထွက်ပြိုင်ပွဲတွင် ဆုရရှိကြသောကစားသမားများနှင့်  ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသော နေလင်းဦးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်မှဆုများချီးမြှင့်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%A1%E1%80%AF%E1%80%95%E1%80%BA%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%80%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AE%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%9D%E1%80%84%E1%80%BA-jeng-phang-%E1%80%94%E1%80%B1%E1%80%AC%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA-%E1%81%83%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-0