spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း သီးပင်စားပင်များ စိုက်ပျို

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း သီးပင်စားပင်များ စိုက်ပျို

နေပြည်တော်၊ ဇူလိုင်လ (၁၆) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ မြေလွတ်မြေရိုင်းများ စိမ်းလန်းစိုပြေ လှပစေရေးနှင့်မြေယာရှုခင်း၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိရေးကို ယနေ့နံနက် (၉:၃၀) အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ လိုက်လံကြည့်ရှု စစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ရေကန်အမှတ် (၁) နှင့် အမှတ်(၂) စိုက်ခင်းရှိ သီးပင်စားပင်များဖြစ်ကြသော သင်္ဘော၊ မာလကာ၊ ငရုတ်၊ ဖရုံ၊ နေကြာ၊ ပြောင်းဖူး၊ ခရမ်းသီးစသည့် သီးနှံများ စိုက်ပျိုးထားရှိမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ A,B,C နောက်ဘက်ခြမ်းရှိ ရေကန်အမှတ် (၃) စိုက်ခင်းရှိ ငှက်ပျော၊ ဖရုံ၊ ရုံးပတီ၊ ငရုတ် စသည့် သီးနှံများ စိုက်ပျိုးထားရှိမှု အားလည်းကောင်း၊ဝဏ္ဏသိဒ္ဓိ ရေကူးကန် ပတ်ဝန်းကျင်ရှိ ရေကန်အမှတ် (၄) စိုက်ခင်းရှိ ပြောင်းဖူး၊ သရက်၊ ငရုတ်၊ ရုံးပတီ စသည့် သီးနှံများ စိုက်ပျိုးထားရှိမှု အားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ရေကူးကန် ပတ်ဝန်းကျင်ရှိ ရေကန်အမှတ် (၅) စိုက်ခင်းရှိ သရက်၊ ငှက်ပျော စသည့် သီးနှံများ စိုက်ပျိုးထားရှိမှု အားလည်းကောင်း အသီးသီး လိုက်လံ ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများအား စိုက်ပျိုးသီးနှံများကို ဌာနအတွင်းရှိ ဝန်ထမ်းများ တစ်နိုင်တစ်ပိုင် တာဝန်ပေး၍ ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရရှိသော ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်များ မိမိတို့ ဝန်ထမ်းများနှင့် အများပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချ ပေးစေလိုကြောင်း၊ ရရှိသော အကျိုးအမြတ်အားလုံးကို တာဝန်ယူ စိုက်ပျိုးသော ဝန်ထမ်းများ သက်သာချောင်ချိမှု ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်းရှိ ရေကန်များကို ငါးမျိုးစေ့ထည့်၍ မွေးမြူရန် လိုအပ်ပါကြောင်း၊ အောင်မြင်မှု ရရှိပါက သားငါးများအား ဝန်ထမ်းများ သက်သက်သာသာ ဈေးနှုန်းများဖြင့် ဝန်ထမ်းသက်သာချောင်ချိမှု ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စိုက်ခင်းများအား သတ်သတ်မှတ်မှတ် စိုက်ခင်းကို ဆိုင်းဘုတ်ဖြင့် ဖော်ပြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားပြီး စိုက်ခင်းတာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA