spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနCOVID ရောဂါအခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေး

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနCOVID ရောဂါအခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေး

နေပြည်တော်။ ဩဂုတ်လ (၁၉)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ COVID ရောဂါနှင့် ပတ်သက်၍ဆောင်ရွက်ချက်များနှင့် ရောဂါဖြစ်ပွားသည့် အခြေအနေများ တင်ပြခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ၊ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ညွန်ကြားရေးမှုးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန်ဦးသိန်းထွန်းလတ်၊ ဒုတိယညွန်ကြားရေးမှုးချုပ်ဦးကျော်ဦးနှင့် ညွန်ကြားရေးမှုးများ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ ယခုဖြစ်ပေါ်နေသော ကိုဗစ်၁၉ တတိယလှိုင်းသည် ယခင်ထက် ကူးစက်နှုန်မြန်းပြီး လူသေဆုံးမှု မြင့်မားသောကြောင့် နိင်ငံတော်အစိုးရအနေနှင့် ရောဂါကူးစက်နှုန်း လျော့ချပြီး ရောဂါကွင်းဆက် ပြတ်နိင်ရေးတွက် နိင်ငံတစ်ဝှမ်းရှိ မြို့နယ်များအား Stay Home သတ်မှတ်၍လည်းကောင်း၊ ရုံးဌါနများအား ရုံးပိတ်ရက်ရှည် ဆက်တိုက်သတ်မှတ်၍ ရောဂါကူးစက်မှု ကွင်းဆက်ပြတ်နိင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ ရောဂါကူးစက်ခံရသူများ ကုသရေးစင်တာများ လုံလောက်မှုရှိစေရေး ကုသမှု ဆေးဝါးလိုအပ်ချက် မရှိစေရေး။ လူနာများ အရေးပေါ် လိုအပ်သော အောက်စီဂျင်နဲ့ အချိန်မီ ရရှိရေး ကြိုးစားစီစဉ် ဆောင်ရွက်နေပါကြောင်း၊ ကာကွယ်ဆေးများလည်း ဦးစားပေး အဆင့်လိုက် အမြန်ဆုံး ထိုးနှံနိင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း။

သို့ဖြစ်ပါ၍ မိမိတို့ဌာနအတွင်းရှိ ဝန်ထမ်းများ ရုံးပိတ်ရက်ရှည်ကာလအတွင်း ဝန်ထမ်းများ ရောဂါကူးစက်မှု ပပျောက်စေရေး ၊ ကူးစက်ခံထားရသော ဝန်ထမ်းများ အမြန်ဆုံး ပြန်လည်ကျန်းမာပြီး တာဝန်ထမ်းဆောင်နိင်ရေး ဝန်ထမ်းများ ရုံးပိတ်ရက်ကာလအတွင်း ရောဂါကူးစက်မှု မရှိစေရန် ကိုဗစ်၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်နိင်ရေး၊ စသည့် ကိစ္စများအား တာဝန်ရှိသူအဆင့်ဆင့် အထူးဂရုစိုက် စစ်ဆေးကြပ်မတ်ရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ညွန်ကြားရေးမှုးချုပ်ဦးထွန်းမြင့်ဦးမှ ဝန်ထမ်းများ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေ ဌာနမှ ဝန်ထမ်းများ ရောဂါကာကွယ်ရန်အတွက် Mask ၊Hand gel လိုအပ်သော ဆေးဝါး ထောက်ပံ့ထားရှိမှု အခြေအနေ၊ ဝန်ထမ်းများ ရောဂါကူးစက်ခံရမှု အခြေအနေ၊ ရောဂါကူးစက်သူများ ကုသရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရောဂါပြန်ကောင်းမွန်လာမှု အခြေအနေ၊ ရောဂါကုသမှု ကာလအတွင်း ဌာနမှ ကူညီထောက်ပံ့ စောင့်ရှောက်မှု အခြေအနေတို့ကို ရှင်းလင်းပြောကြားပါသည်။

ဒုတိယဝန်ကြီးမှဖြည့်စွက်၍ ဝန်ထမ်းများ ရုံးပြန်လည်ဖွင့်လှစ် တာဝန်ထမ်းဆောင်ပါက ကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ဆောင်ရွက်မှု လုပ်ငန်းစီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကိုဗစ်၁၉ စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်နိင်ရေး တာဝန်ရှိသူများ ကြပ်မတ်ဆောင်ရွက်ရန် စီစဉ်ထားရှိမှု အခြေအနေများ ဖြည့်စွက်ရှင်းလင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများ ရုံးဖွင့်၍ တာဝန်ထမ်းဆောင်ရာတွင် ရောဂါကူးစက်မှု မရှိစေရေး ကိုဗစ်၁၉ စည်းကမ်းအတိုင်း တာဝန်ထမ်းဆောင်နိင်ရေး အထူးဂရုစိုက် ကြပ်မတ်ရန်

ရောဂါကူးစက်သူများ သီးခြားခွဲ၍ ကုသဆောင်ရွက်စဉ် ဌာနမှ လိုအပ်သော အာဟာရ ပြည့်မှီစွာ ကျွေးမွေးစောင့်ရှောက်နိုင်ရေး၊ လိုအပ်သောဆေးဝါး၊ အောက်စီဂျင် ပြည့်စုံမှုရှိစေရေး၊ အရေးပေါ် လူနာများ ဆေးရုံ အချိန်မီ ဆေးကုသနိင်ရေး ချိတ်ဆက်ဆောင်ရွက်ထားရန်၊ မိသားစုလိုက် ကူးစက်ရှိလာပါက မိသားစု အားငယ်မှု မရှိစေရေး နေထိုင်စားသောက် ကုသရေးတွင် အထူးဂရုစိုက် ဆောင်ရွက်ပေးရန် လမ်းညွန်မှာကြားခဲ့ပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94covid-%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%A1%E1%80%94%E1%80%B1%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%90%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%81%E1%80%BC%E1%80%84%E1%80%BA%E1%80%B8-%E1%80%8A%E1%80%BE%E1%80%AD%E1%80%94%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8