spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားဆေးဘက်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားဆေးဘက်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဩဂုတ်လ(၃၀)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းရှိ မြန်မာ့လက်ရွေးစင် အားကစားသမားများ အစားအသောက်ကျွေးမွေးနေမှုနှင့် အားကစားသမားများအား ကျန်းမာရေး စောင့်ရှောက် ဆောင်ရွက်နေသော အားကစားဆေးဘက်ဌာန သို့ သွားရောက်ကြည့်ရှု စစ်ဆေးပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း စားရိပ်သာသို့ သွားရောက်၍ အားကစားသမားများ နေ့လည်စာ သုံးဆောင်နေမှုကို ကြည့်ရှု စစ်ဆေး၍လည်းကောင်း၊ စားရိပ်သာရှိ ဝန်ထမ်းများ ချက်ပြုတ်ကျွေးမွေးနေမှု၊ သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ အားကစားသမားများ Covid-19 စည်းကမ်းနှင့်အညီ နေထိုင်စားသောက်နိုင်ရေး၊ လေ့ကျင့်မှုတွင် ကုန်ဆုံးသွားသော အားအင်များ ပြန်လည် ပြည့်ဝစေရေးအတွက် အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးကို အားကစားသမားများအား ရင်းနှီးစွာ တွေ့ဆုံမှာကြား၍လည်းကောင်း၊ စားရိပ်သာရှိ ဝန်ထမ်းများအား ချက်ပြုတ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ဝန်ထမ်းများ တစ်ကိုယ်ရည် သန့်ရှင်းမှုနှင့် ကျန်းမာမှုရှိစေရေး အထူးဂရုစိုက်စေလိုပါကြောင်း၊ စားရိပ်သာရှိ တာဝန်ရှိသူများအား အားကစားသမားများ ကျွေးမွေးရာတွင် သတ်မှတ်(ကယ်လိုရီ) ပြည့်ဝစွာ ကျွေးမွေးနိုင်ရေး၊ ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ် အမျိုးအစားစုံလင်စွာ ဗီတာမင်ပြည့်ဝစွာ ဆောင်ရွက်ကျွေးမွေးနိုင်ရေး၊ ချက်ပြုတ်ရာတွင် စားသုံးဆီကို သင့်တင့်သလောက်သာ အသုံးပြုချက်ပြုတ်နိုင်ရေး၊ အလွန်အကျွံ အသုံးမပြုရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ အားကစားဆေးဘက်ဌာနခွဲသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ အားကစားသမားများအား ကျန်းမာသန်စွမ်းစွာ လေ့ကျင့်နိုင်ရေး၊ ကျန်းမာရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အရေးပေါ် ဖြစ်ပေါ်လာမှု ထိခိုက်ဒဏ်ရာ များအား ကုသပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အားကစားသမားတစ်ဦးချင်းစီအား လေ့ကျင့်ရေးတွင် အထောက်အကူ ဖြစ်စေမည့် ကျန်းမာရေးစစ်ဆေးချက်များ စစ်ဆေးပေး နိုင်သည့် အခြေအနေများ၊ အားကစားသမားများ လက်ရှိဖြစ်ပေါ်ခံစားနေရသော ရောဂါအများစုနှင့် Covid-19 ရောဂါ ကူးစပ်ခံရပြီးသော အားကစားသမားများ အချိန်မီ ပြန်လည်လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လက်ရွေးစင်အာကစားသမားများအား တားမြစ်ဆေးဝါး သုံးစွဲပြီး လေ့ကျင့်မှု မရှိစေရေး အမြဲတမ်းစစ်ဆေးကြရန်လိုအပ်ကြောင်း၊ အားကစားနည်းအလိုက် လေ့ကျင့်ရာတွင် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အားကစားသမားများ စားသောက်မှုကို ကယ်လိုရီပြည့်ဝစွာ ကျွေးမွေးနိုင်ရေး စားရိပ်သာနှင့် ပူးပေါင်း၍ အမြဲလမ်းညွှန်မှုပေးနိုင်ရေး၊ အားကစားသမား တစ်ဦးချင်းစီ၏ အားကစားနည်း အလိုက် လိုအပ်သော စားသောက်မှုပုံစံ သိရှိနိုင်ရေးနှင့် လေ့ကျင့်မှုထိခိုက်စေမည့် အနေအထိုင် အစားအသောက်များကို ရှောင်ရှားနိုင်ရေးအတွက် အားကစားသမားများအား ကျန်းမာရေးအသိပေး ဟောပြောပွဲများ ပုံမှန်ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ Covid-19 ရောဂါဖြစ်ပြီးသော အားကစားသမား များ လေ့ကျင့်ရေးကို ပြန်လည်ပြည့်ဝစွာ ပြုလုပ်နိုင်ရေးအတွက် ဆေးဘက်ဌာနခွဲမှ ကျန်းမာရေး ဆောင်ရွက်မှု အနီးကပ်စောင့်ကြည့် ဂရုစိုက်ရန် လိုအပ်ပါကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%86%E1%80%B1%E1%80%B8%E1%80%98%E1%80%80%E1%80%BA%E1%80%8C%E1%80%AC%E1%80%94-%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7