spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ၊ မိတ္ထီလာခရိုင် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများ၊ မိတ္ထီလာခရိုင် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာလ(၅)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစား နှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီအချိန်တွင် ရှမ်းပြည်နယ်ရှိ အားကစားကွင်း/အားကစားရုံများနှင့် မိတ္ထီလာခရိုင် အားကစားကွင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် ရွှေညောင်မြို့ အားကစားကွင်းနှင့် မြို့နယ်ဦးစီးဌာနရုံးနှင့်နေအိမ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ နိုင်ငံ့အားသည် လူငယ်များပင် ဖြစ်ပါကြောင်း၊ လူငယ်များ ကာယကြံ့ခိုင်မှု-စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များ လမ်းမှားမရောက်စေရေးအတွက် လူငယ်များ အားကစားကွင်း/အားကစားရုံများသို့ လာရောက်ပြီး အားကစားကို စိတ်ပါဝင်စားစွာ လာရောက်ကစားနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့နယ် အားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ ဘောလုံးကွင်းအားရေရှည်ကောင်းမွန်အောင်ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူများ အားကစားကို စိတ်ပါဝင်စားပြီး လာရောက်ပျော်ရွှင်စွာ ကစားနိုင်ရေးစီစဉ်ဆောင်ရွက်လာနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း လိုအပ်သည့် ကွင်းပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အထောက် အပံ့ပစ္စည်းများအား ဌာနမှ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် အားကစားကွင်းသို့ရောက်ရှိလာပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးအားပေး လမ်းညွှန်အမှာစကားပြောကြားပြီးနောက် အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံနှင့် ဘောလုံးကွင်းအား ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများအား မပျက်စီးစေရေး၊ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်စေရန် ဝန်ထမ်းများတာဝန်အပြင် မြို့နယ်အတွင်းရှိလူငယ်များ အားကစားကို စိတ်ပါဝင်စားပြီး လာရောက် ပျော်ရွှင်စွာ ကစားနိုင်အောင် စည်းရုံးရမှာလည်း ဝန်ထမ်းများ၏တာဝန်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းတာဝန်အပေါ် စေတနာထား၍ တာဝန်ကို ကျေပွန်စွာထမ်းဆောင်စေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင် ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေး၍ အားကစားကွင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူငယ်များ အားကစားကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် လာရောက်ကစားရေးကိစ္စရပ်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A6%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD