spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် လာရှိုးမြို့နယ်ရှိ ခရိုင်ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ် လာရှိုးမြို့နယ်ရှိ ခရိုင်ဘောလုံးအားကစားကွင်းအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာလ (၁၉)။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ၁၁နာရီအချိန်တွင်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ခရိုင်ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် လာရှိုး ခရိုင်မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ် အဖွဲ့လိုက် တစ်ဦးကိုတစ်ဦး လေးစားကာ မိသားစုစိတ်ဓာတ်ဖြင့် တာဝန်ကို ထမ်းဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းများ အခက်အခဲကို တာဝန်ရှိသူများအား အချိန်နှင့် တစ်ပြေးညီ တင်ပြ၍ ဆောင်ရွက်ဖေးမကြစေလိုပါကြောင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာ၌ ပါတီနိုင်ငံရေး ကင်းရှင်းကြစေ လိုပါကြောင်း ပြောကြားပါသည်။

ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် လာရှိုးမြို့နယ် အားကစားကွင်းသို့ရောက်ရှိလာပြီး အားကစားမှူးနေအိမ်နှင့် ရုံးတွဲ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%9C%E1%80%B0%E1%80%84%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%9B%E1%80%AC%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A5%E1%80%AE%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%AD%E1%80%94%E1%80%BA%E1%80%B8%E1%80%87%E1%80%B6-%E1%80%9B%E1%80%BE%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA