ရန်ကုန်၊ မတ်လ(၁၇)ရက်။
မြန်မာ့သိုင်းပညာမတိမ်ကော မကွယ်ပျောက်စေရန် မြန်မာတိုင်းသိုင်းတတ်ရမည်ဟူသော်ဆောင်ပုဒ်အတိုင်း ရည်ရွယ်၍ အားကစားနှင့်ကာယ ပညာဦးစီးဌာန မှ ကြီးမှူး၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ ချုပ်တို့မှ ပူူးပေါင်းဖွင့်လှစ် သည့် နွေရာသီမြန်မာ့သိုင်း(၁/၂ဝ၁၈)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နေ့လည် (၁)နာရီ က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံ ကျိုက္ကဆံကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ ၌ကျင်းပရာ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင် နှင့်အမှုဆောင်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှသင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများတက်ရောက်ကြသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ကသင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ဆက််လက်၍ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးနောင်က သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် က နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြု လက်မှတ်နှင့်ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ပြီး သင်တန်းသား/သင်တန်းသူများက သိုင်းသရုပ်ပြသခဲ့ကြသည်။
အဆိုပါသင်တန်းသို့ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းမှ စတုတ္ထတန်း မှ နဝမတန်းအထိ သင်တန်းသား/သင်တန်းသူ(၁၉၂)ဦး တက်ရောက်၍ ဖေဖော်ဝါရီ(၁၉)ရက် မှ မတ်လ(၁၇)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။