spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တောင်ကြီးမြို့တွင် '' တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး '' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စုပေါင်းကိုယ်လက်လှုပ်ရှားခြင်း အစီအစဉ်တစ်ရပ်ကျင်းပ

တောင်ကြီးမြို့တွင် '' တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး '' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စုပေါင်းကိုယ်လက်လှုပ်ရှားခြင်း အစီအစဉ်တစ်ရပ်ကျင်းပ

 

 

တောင်ကြီးမြို့၊နိုဝင်ဘာ ၈ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ပါအချက်များထဲမှ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများသည် အားကစားခေါင်းစဉ်အောက်တွင် တည်ရှိ၍ အများပြည်သူများထက်စာလျှင် ကျန်းမာရေးပိုမိုကောင်းမွန်စေရေး ၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန် ၊ မိမိတို့၏ အသက်အရွယ် အပိုင်းအခြားအလိုက် မိမိနှင့် သင့်တော်မည်ထင်သော အားကစားနည်း တစ်ရပ်ရပ်ကို ကစားစေခြင်းနှင့် ဝန်ထမ်းများအားလုံးသည် အချိန်ပြည့်မကစားနိုင်သဖြင့် သာမာန်ရုံးဆင်းချိန်ထက် မိနစ်( ၃၀ ) သို့မဟုတ် မိနစ်( ၂၀ )ခန့်အချိန်ယူပြီး သင့်တော်သည့်နေရာများတွင် အားကစားပြုလုပ်စေခြင်းကို ရည်ရွယ်၍ ယနေ့ညနေပိုင်းတွင် တတိယအကြိမ်အဖြစ် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောပြည်နယ် / ခရိုင် / မြို့နယ် များရှိအရာထမ်း / အမှုထမ်းများသည် အားကစား၏ အဓိကအချက်ဖြစ်သော '' တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး '' ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စုပေါင်းကိုယ်လက်လှုပ်ရှားခြင်း အစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ (၁/၂)ဖြင့် လုပ်ငန်းခွင်အတွင်း၌ ပင်ပန်းသမျှကို အားကစားပြုလုပ်ခြင်းဖြင့် အပန်းဖြေစေခဲ့ကာ လူတစ်စုအားကစားမှ လူထုအားကစားသို့ ဆိုသည့်အတိုင်း ရည်ရွယ်ခဲ့ပါကြောင်း သိရှိရပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%90%E1%80%85%E1%80%BA%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%AF%E1%80%92%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%8A%E1%80%AE