spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲမှ ဆရာဝန်များနှင့် တွေ့ဆုံလမ်းညွန်မှာကြား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲမှ ဆရာဝန်များနှင့် တွေ့ဆုံလမ်းညွန်မှာကြား

 
နေပြည်တော်၊ မတ် (၂၆)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံလမ်းညွန်မှာကြားခြင်း အခမ်းအနားအား ယနေ့ညနေ(၄)နာရီအချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းနှင့်တာဝန်ရှိသူများ၊ အားကစားဆေးဘက် ဆိုင်ရာဆရာဝန်များ တက်ရောက်ကြပါသည်။
 
 
အစီအစဉ်အရ အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ၌ တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များအား ပြည်ထောင်စုဝန်ကြီးနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွန်အမှာစကားပြောကြားရာတွင် အားကစားလောက တိုးတက်စေရေးအတွက် အားကစားဆေးဘက်ဆိုင်ရာပညာရပ်များဖြင့် တာဝန်ထမ်းဆောင် နေကြသောဆရာဝန်များသည် အကောင်းဆုံးဝန်ဆောင်မှုပေး၍ အားကစားဘက်တွင် ရေရှည် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တာဝန်ထမ်းဆောင်နေသောဆရာဝန်များ အနေဖြင့် မိမိပညာအရည်အချင်းများ အစဉ်အမြဲတိုးတက်စေရန် ဆေးပညာရပ်များကို အမြဲဆည်းပူးလေ့လာနေရန်နှင့် နိုင်ငံတကာသို့ အားကစားဆေးဘက်ဆိုင်ရာပညာရပ်များ လေ့လာနိုင်ရေး၊ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆရာဝန်များ အနေဖြင့် အားကစားနှင့်ဆိုင်သော ထိခိုက်မှုကုသရေးပညာရပ်များအပြင် အားကစားဆိုင်ရာ တားမြစ်ဆေးသုံးစွဲမှုအား စစ်ဆေးမှု၊ Dopping  ပညာရပ်များအား စီနီယာဆရာဝန်ကြီးများနှင့် တွဲဖက်၍ အမြဲတမ်းလေ့လာဆည်းပူးသင်ယူသွားရန် နိုင်ငံတကာမှဖိတ်ခေါ်သော တားမြစ်ဆေး ဆိုင်ရာအစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများအား အလှည့်ကျစေလွတ်တာဝန်ပေးမည် ဖြစ်ကြောင်း၊ ဆရာဝန်များ၏ဘဝရှေ့ရေးတိုးတက်မှုအတွက် အမြဲတမ်းဦးစီးပေးစဉ်းစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်များအနေဖြင့် အားကစားလောကတိုးတက်ရေးအတွက် မိမိတို့ တတ်ကျွမ်းသော ဆေးပညာရပ်များဖြင့် ကာကွယ်ခြင်း၊ ကုသခြင်း၊ ပညာပေးခြင်းများကို စေတနာထား၍ တာဝန်ထမ်းဆောင်ရန်လိုအပ်ပါကြောင်း လမ်းညွန်မှာကြားခဲ့ပါသည်။
 
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အားကစားဆေးဘက်ဆိုင်ရာ ကိစ္စရပ်များအား ဝိုင်းဝန်ဆွေးနွေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%90%E1%80%AC%E1%80%99%E1%80%BC%E1%80%84%E1%80%BA%E1%80%B7%E1%80%91%E1%80%BD%E1%80%B1%E1%80%B8