spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုက်ကွမ်ဒိုနည်းပြဆရာမွမ်းမံသင်တန်းဖွင့်လှစ်ပေး

တိုက်ကွမ်ဒိုနည်းပြဆရာမွမ်းမံသင်တန်းဖွင့်လှစ်ပေး

 
ရန်ကုန်၊ ဧပြီလ(၂၅)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) တိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံ၌ကျင်းပသည့် ၂ဝ၁၈ခုနှစ်၊ တိုက်ကွမ်ဒိုနည်းပြဆရာမွမ်းမံသင်တန်း၊ ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီကရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိတိုက်ကွမ်ဒိုလေ့ကျင့်ရေးရုံ၌ကျင်းပခဲ့ရာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဇော်ဝင်း၊ တွဲဘက်အတွင်းရေးမှူး ဒေါ်စိုးစိုးမြာ၊ တိုက်ကွမ်ဒိုနည်းပြချုပ် ဦးကျော်သန်းဦးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား /သင်တန်းသူများ တက်ရောက်ကြသည်။
 
ရှေးဦးစွာအားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်ကနည်းပြဆရာမွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းမှာ- နည်းပြဆရာများ၏ အရည်အသွေးတိုးတက်ကောင်းမွန်လာစေရေး၊ တိုးတက်နေသောတိုက်ကွမ်ဒိုနည်းစနစ်/နည်းဥပဒေသများကိုသင်ယူပြီး မိမိဒေသအတွင်း တိုက်ကွမ်ဒိုအားကစားသမားများ ပြန်လည်သင်ကြားပြသစေကာ တိုက်ကွမ်ဒိုအားကစားနည်းတိုးတက်ပြန့်ပွားအောင်စွမ်းဆောင်နိုင်စေရေး၊ ဒါမှသာနိုင်ငံတကာနှင့်ရင်ဘောင်တန်း ပြိုင်ပွဲများတွင်စွမ်းစွမ်းတမံအောင်ပွဲဆင်နိုင်မှာဖြစ်ပါကြောင်းဖြင့်ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဇော်ဝင်းမှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းတင်ပြပြီး သင်တန်းဖွင့်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%86%E1%80%9B%E1%80%AC%E1%80%99%E1%80%BD%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%B6%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%9C%E1%80%BE%E1%80%85%E1%80%BA%E1%80%95%E1%80%B1%E1%80%B8