spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့်ပြေးခုန်ပစ်နည်းပြသင်တန်း Level -1 ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂ဝ၁၈ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့်ပြေးခုန်ပစ်နည်းပြသင်တန်း Level -1 ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ မေလ(၂)ရက်။     

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း Level -1 သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် (၈: ဝဝ)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသို့တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ၊ ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ ဆက်လက်ပြီး သင်တန်းနည်းပြများနှင့် သင်တန်း/သူများမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တစ်ဦးချင်း မိတ်ဆက်ဂါဝရပြုကြသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြေးခုန်ပစ်အားကစားနည်းသည် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်တွေအများဆုံးရယူပေးနိုင်သော အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ ယခုလက်ရှိတွင် ပြေးခုန်ပစ်အားကစာနည်းအတွက် အဓိကအရေးကြီးတဲ့အခြေခံနည်းစနစ်များကို ပိုင်နိုင်ကျွမ်းကျင်စွာတတ်သိနားလည်သော နည်းပြဆရာများ ရှားပါးသည့်အတွက် ယခုလိုနည်းပြသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သော နည်းပြသင်တန်းသည် ပြေးခုန်ပစ် အားကစားနည်းအတွက် မရှိမဖြစ်လိုအပ်သော သင်တန်းဖြစ်ကြောင်း၊ သင်တန်းပို့ချမည့်သူများအဖြစ် အပြည်ပြည်ဆိုင်ရာပြေးခုန်ပစ်အဖွဲ့ချုပ်မှ ခန့်အပ်ထားသော စင်ကာပူနိုင်ငံနည်းပြ Mr. Ng Kean Mun နှင့် မြန်မာနိုင်ငံမှ ဦးကျော်ကျော်ဝင်းတို့မှ စာတွေ့လက်တွေ့သင်ကြားပို့ချမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း ယခု      Level -1  သင်တန်းမှတစ်ဆင့် Level -2 သင်တန်းများ တက်ရောက်နိုင်အောင်ကြိုးစားကြစေလိုကြောင်း၊ ယခုသင်တန်းမှ ရရှိလာသောအကျိုးကျေးဇူးများ၊ အတွေ့အကြုံကောင်းများကို လက်တွေ့ကျကျ ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် အရည်အသွေးပြည့်ဝသော နည်းပြကောင်းများဖြစ်အောင် ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စင်ကာပူနိုင်ငံနည်းပြ Mr. Ng Kean Mun မှ သင်တန်းဖွင့်အမှာစကားများနှင့် သင်တန်းအကြောင်းအရာများကို ပြောကြားခဲ့ပါသည်။

အဆိုပါ ပြေးခုန်ပစ်နည်းပြသင်တန်း Level -1 တွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၁)ဦးတို့ တက်ရောက်သင်ကြားပြီး မေလ(၂)ရက်မှ (၁၃)ရက်နေ့အထိ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-0