spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၈ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်၊ မေလ(၄)ရက်။                 

တစ်မျိုးသားလုံးရှိလူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉:ဝဝ)နာရီအချိန်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲများအား ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

တတိယနေ့ တစ်ဦးချင်းအုပ်စုပွဲစဉ်များအဖြစ် အပြည်ပြည်ဆိုင်ရာအသက်(၂ဝ) နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း(၂၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၆)ဦးသည်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၁၉)ဦးတို့သည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသားစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်စုစုပေါင်း (၂၈)ဦးတို့သည်လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို မေလ (၂) ရက်နေ့မှ (၉) ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ရုံတွင် ပြိုင်ပွဲများကို နေ့စဉ်နံနက် (၉:ဝဝ) နာရီမှ စတင်၍ ဆက်လက်ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%88%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95-0